ဝမ်ဂါရီ မူတာ မတ်ထိုင်း (အင်္ဂလိပ်: Wangari Muta Maathai) သည် ငြိမ်းချမ်းရီးနိုဘယ်ဆုကို ၂၀၀၄ ခုနှစ်မာ ရဟိခရေ ပထမဆုံး အာဖရိကအမျိုးသမီးဖြစ်ပြီးကေ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရီးအတွက် Green Belt လှုပ်ယှားမှုတိကို အဓိက ဦးဆောင်ခသူဖြစ်တေ။ ယင်းသည် အခြီခံလူတန်းစားတယောက် ဘဝကပင်ပင် ကင်ညာဟိ ကျေးလက်အမျိုးသမီးတိကို အပင်စိုက်ပျိုးပြီးကေ သစ်တောပြုန်းတီးမှုကို ကာကွယ်ရန် အားပီးမြှောက်ပင့်ပီးခရေ။ သစ်တောတိကို ကာကွယ်ရဖို့တာဝန်သည် ကင်ညာအမျိုးသမီးတိ၏ နိုင်ငံသားနန့် သက်ဆိုင်ရေ တာဝန်ဖြစ်ကြောင်းကို Green Belt အလှုပ်ယှားမှုတိက နှိုးဆော်နိုင်ခရေ။ လှုပ်ယှားမှုတိအတွက် သုံးစွဲရရေ ကုန်ကျစရိတ်များ ကြီးမြင့်ခြင်း၊ အကျိုင်းကျခံရခြင်းနန့် ရိုက်နှက်ခံရခြင်းရို့က ဝမ်ဂါရီကို ငြီးငွိစီကေလေ့စိုပြည်စိမ်းလန်းသော သဘာဝတရား၏အကျိုးအာနိသင်များအကြောင်း ပြောဟောခြင်းနန့်သာ အချိန်ကို ကုန်လွန်စီခသူ ဝမ်ဂါရီမတ်ထိုင်းသည် အသက် ၇၁ နှစ်အရွယ် စတ်တင်ဘာလ ၂၅ ရက်မာ ကွယ်လွန်ရေ။

ဝမ်ဂါရီမတ်ထိုင်း
လူ့အခွင့်အရီးဆိုင်ရာ ကင်ညာအမျိုးသားကော်မသျှင်က ပီးအပ်သော ဆုကို ကိုင်ဆောင်ထားရေ ဝမ်ဂါရီ မတ်ထိုင်း
မွီးသက္ကရာဇ်Wangari Muta
(1940-04-01)၁ ဧပြီ၊ ၁၉၄၀
Ihithe village, Tetu division, Nyeri District, Kenya
ကွယ်လွန်၂၅ စက်တင်ဘာ၊ ၂၀၁၁(2011-09-25) (အသက် ၇၁)
Nairobi, Kenya
လူမျိုးKikuyu
နိုင်ငံသားKenyan
ပညာရီးB.Sc: biology
M.Sc: biological sciences
Ph.D: veterinary anatomy
အမိကျောင်းBenedictine College
University of Pittsburgh
University College of Nairobi
အလုပ်အကိုင်Environmentalist, political activist, writer
ကျော်ကြားမှုအရင်းခံGreen Belt Movement
ရဟိခရေဘွဲ့တံဆိပ်တိငြိမ်းချမ်းရီး နိုဘယ်ဆု
Indira Gandhi Peace Prize 2006

ကိုးကား

တီးဖြတ်ပါ
  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)