မာရီယာ ကော်ရီနာ မာချာဒို

မာရီယာ ကိုရီနာ မာချာဒို (စပိန်: María Corina Machado)သည် ငြိမ်းချမ်းရီး နိုဘယ်ဆုဗင်နီဇွဲလားနိုင်ငံ ရီးသမား ဖြစ်တေ။ သူစွာ အာဏာသျှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရီးအတွက် ငြိမ်းချမ်းစွာ အားထုတ်ကြိုးပမ်းခသူအဖြစ် ထင်ရှားရေ။သူစွာ ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) ၏ အဓိက အတိုက်အခံနိုင်ငံရီးသမားတဦးလည်း ဖြစ်တေ။

မာရီယာ ကော်ရီနာ မာချာဒို
María Corina Machado
၂၀၂၃ က ပုံ
ဗင်နီဇွဲလားနိုင်ငံလွှတ်တော်အမတ်
တာဝန်သက်တမ်း
၅ ဂျန်နဝါရီ ၂၀၁၁  ၂၁ မတ် ၂၀၁၄
အရင်လူHiram Gaviria
ဆက်ခံသူRicardo Sánchez Mujica
မဲဆန္ဒနယ်မီရန်ဒါ ပြည်နယ်
ကိုယ်ရေး အချက်အလက်တိ
မွီးဖွားMaría Corina Machado Parisca
(1967-10-07) ၇ အောက်တိုဘာလ၊ ၁၉၆၇ (အသက် ၅၈)
ဗင်နီဇွဲလားနိုင်ငံ
နိုင်ငံရီးပါတီVente Venezuela (since ၂၀၁၂)
တခြား
နိုင်ငံရီးလွှမ်းမိုးမှု
Unitary Platform
Democratic Unity Roundtable
Súmate (၂၀၀၁–၂၀၁၀)
Justice First (၂၀၁၀–၂၀၁၂)
သားသမီး
ပညာရီးAndrés Bello Catholic University,Bachelor of Science
Instituto de Estudios Superiores de Administración, Master of Science
ဆုတံဆိပ်တိ
လက်မှတ်

မာချာဒိုသည် ဗင်နီဇွဲလားနိုင်ငံ မာ မွီးဖွားခပြီးကေ[]၊ အိန်ဂျန်နီယာဘွဲ့ရ တဦးဖြစ်တေ။

နိုင်ငံရီးဘဝ

တီးဖြတ်ပါ

၂၀၀၂ ခုနှစ်မာ ဗင်နီဇွဲလားနိုင်ငံဧ့ရွီးကောက်ခံ ပြည်သူ့အစိုးရအပေါ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း Súmate အဖွဲ့ကို တည်ထောင်ခရေ။ထို အဖွဲ့သည် နိုင်ငံ၏ရွီးကောက်ပွဲအဖြစ်အပျက်တိကို စောင့်ကြည့်ရေ ပြည်သူ့အဖွဲ့အစည်းတခုဖြစ်တေ။[]၂၀၀၉ ခုနှစ်မာ သူစွာ နိုင်ငံရီးသို့ တိုက်ရိုက်ဝင်ရောက်ယား၊နိုင်ငံရီးပါတီတခုဖြစ်ရေ Vente Venezuela ပါတီကို တည်ထောင်ခရေ။

၂၀၁၀ ပြည့်နှစ်မာ ဗင်နီဇွဲလားအမတ် အဖြစ် ရွီးကောက်ခံခရပြီး၊ နီကိုးလပ်စ် မာဒူရို၏ အုပ်ချုပ်ရီးကို တော်လှန်သူအဖြစ် လူသိများပါလတ်တေ။

၂၀၂၄ သမ္မတရွီးကောက်ပွဲနန့် ပိတ်ပင်ခံရမှု

တီးဖြတ်ပါ

မာချာဒိုသည် ဗင်နီဇွဲလားနိုင်ငံ၏၂၀၂၄ ခုနှစ် သမ္မတရွီးကောက်ပွဲအတွက် အဓိကပြိုင်ဆိုင်သူတဦးအဖြစ် ထင်ရှားပါလတ်တေ။

ဗင်နီဇွဲလားနိုင်ငံအထဲ ဒီမိုကရေစီပြန်ပနာထွန်းကားရီး နန့် မဒူရိုအစိုးရဖယ်ယှားရီးကို ဦးဆောင်ခယင့်အတွက် ပြည်သူတိစွာရို့၏ ထောက်ခံမှုကိုရဟိခရေ။ယကေလေ့ မဒူရိုအစိုးရက ယင်းအား နိုင်ငံရီးလုပ်ကိုင်ခွင့်ကို ပိတ်ပင်ခရေ။

၂၀၂၅ ခုနှစ်အခြီအနီ

တီးဖြတ်ပါ

၂၀၂၅ ခုနှစ်မာ မာချာဒိုသည် မဒူရိုအစိုးရ၏ အတိုက်အခံ ဖြစ်လာခရေ။သူစွာ နိုင်ငံခြားအဖွဲ့အစည်းများ (နမူနာ – အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ နန့် အနောက်ဥရောပနိုင်ငံများ) နန့် ဆက်သွယ်ကာ ဗင်နီဇွဲလားအထဲ ဒီမိုကရေစီထွန်းကားရီးအား အပြင်းအထန်လုပ်ဆောင်ခရေ။

၂၀၂၅ခုနှစ်၊အောက်တိုဘာ ၁၀ ရက် မာ ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရီး နိုဘယ်လ်ဆုကို နော်ဝေ နိုဘယ်လ်ဆုရွီးချယ်ရီး ကော်မတီက ကြေညာပီးအပ်ခရေ။

ဒေဆုကို တဆတ်ဆတ်ကြီးစိုးလာရေ အမိုက်ထုကြားထဲက ဒီမိုကရေစီ မီးရှူးတန်ဆောင်ကို မငြိမ်းသီယောင် ထိန်းသိမ်းပီးထားရေအပြင်၊ ဗင်နီဇွဲလားပြည်သူတိအတွက် ဒီမိုကရေစီအခွင့်အရီးများ ရဟိစီရေေး မမောမပန်း ကြိုးပမ်းဆောင်ရွက်ခမှုတိကြောင့် ရဟိခခြင်းဖြစ်တေ။[]

နိုင်ငံတကာအမြင်

တီးဖြတ်ပါ

အမေရိကန်ပြည်ထောင်စု၊ အီးယူ နန့် လက်တင်အမေရိကန်ဟိ ဒီမိုကရေစီအဖွဲ့အစည်းတိစွာ မာချာဒိုကို “ဗင်နီဇွဲလား ဒီမိုကရေစီ၏သင်္ကေတတဦး” ဟု ခေါ်ဆိုကတ်ရေ။ယကေလေ့ မာဒူရိုအစိုးရက သူ့ကို “နိုင်ငံခြားအဖွဲ့အစည်းတိနန့် ပူးပေါင်းရေ သာမန်ပြည်သူမဟုတ်သူ” ဟု ရှုတ်ချတုံ့ပြန်ထားခရေ။

ကိုးကား

တီးဖြတ်ပါ
  1. Machado, María Corina. "Mi experiencia" [My experience] (in Spanish). Archived from the original on 22 March 2010. Retrieved 25 April 2010.{{cite web}}: CS1 maint: unfit URL (link)
  2. Kurmanaev, Anatoly။ "Venezuela Protests Drive Poor to Maduro as Death Toll Mounts"၊ Business Week၊ 23 December 2014။
  3. "၂၀၂၅ ငြိမ်းချမ်းရီးနိုဘယ်လ်ဆု ဗင်နီဇွဲလား ဒီမိုကရေစီဂေါင်းဆောင် မစ္စမာချာဒို ရဟိ". DVB. ၁၀ အောက်တိုဘာ ၂၀၂၅. Retrieved ၁၁ အောက်တိုဘာ ၂၀၂၅. {{cite web}}: Check date values in: |access-date= and |date= (help)