နွား
ချူဆွဲပီးထားရေ အညိုရောင် ဆွစ်ဖလခ်ဗီယေမျိုး နမတကောင်
ယိုင်ပါးအောင် မွိးမြူထား
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
Unrecognized taxon (fix): Bos
မျိုးစိတ်:
ဒွိနာမ
Bos taurus
Bovine distribution
Synonyms
  • Bos primigenius taurus
  • Bos longifrons7

နွားကို ရှီးအခါက မြန်မာနိုင်ငံမာ လယ်ယာစိုက်ပျိုးရီးမာ တွင်ကျယ်စွာ အသုံးပြုခကတ်တေ။ အဂု စက်မှုလယ်ယာခေတ်မာ နွားအစား ထွန်ချစက်ကို အသုံးချမှု များပြားလာကေလေ့၊ ခေါင်းပါးသော တချို့ဒေသတိဝယ် နွားဖက် ရုန်းကန်တုန်း ဖြစ်တေ။ အစားကောင်း၊ ထမ်းပိုးကောင်း၊ အခိုင်းကောင်းရေ နမျိုးကို နွားကောင်းဟု သတ်မှတ်ပနာ၊ အစားမကောင်း၊ ထမ်းပိုးမကောင်း၊ အခိုင်းမကောင်းရေ ဆန့်ကျင်ဘက် သဘာဝဟိရေ နမျိုးကို နွားညံ့ဟု ယေဘုယျ သမုတ်ကတ်တေ။ လယ်ယာလုပ်ငန်းခွင်မာ တောင်သူဦးကြီးတိကို ကူညီပီးသော မိတ်ဆွီနွားတိစွာ တခါတရီ ပိုင်သျှင် မသိပဲနန့် နွားသခိုးတိ လက်ချက်ဖြင့် တနယ်တကျေး သို့မဟုတ် တဖက်နိုင်ငံသို့ မိုက်ခိုကူးခြင်း ခံရတတ်ရေ။[] မိုက်ခိုကို နှိမ်နင်းလိုရေသဘောနန့်၂၀၁၇ အောက်တိုတခုလေ့သင့်စပြီးကေ ကျွဲနွားအသျှင်တိကို ပြည်ပသို့ တင်ပို့ခွင့်ပြုရေ။[] ခွာပါမျိုး ဖြစ်ရေ နွားတိကို မွိးမြူလို့ ရရေ။ Bovinae ဘိုဗီနေး မျိုးရင်းသေးဝင် ဖြစ်တေ။ ၂၀၁၁ မှ နံဖီးစပ်ဆုံး လောင်းာက်မှန်းချက်အရ၊ ကမ္ဘာမာ နွားပေါင်း ၁.၄ ဘီလျံ ဟိရေ။ နွားသည် လူတယောက် ကြွယ်ဝချမ်းရာမှု ပြယုဂ် ဖြစ်တေ။ ရှီးခေတ်က နများများ ပိုင်ဆိုင်သူကို ကြည့်လို့ ဇာလောက်ပင် ချမ်းသာရေကို သိနှိုင်ရေ။

ကျွဲကို ရွီတွက်ပုံအတိုင်း နွားနှစ်ကောင် တစုံကို တရှဉ်းဟု ရီတွက်ရေ။ နွားလိုင်ဖင်းမာ ဆွဲပီးထားရေ ချူ (cowbell) ကို ခလောက်လို့လေ့ ခေါ်ရေ။ နွားညီနောင် လေးချိုးကဗျာမာ နွားကို ကြော့ယှင်းစွာ ကထားရေ ဂါရီယဉ်အကြောင်း စပ်ဆိုထားရေ။ မြင်းကသော ဂါရီကို မြင်းဂါရီ၊ မြင်းဂါရီဟု ခေါ်နိုင်ကေလေ့၊ နွားကသော ဂါရီကို နွားရထားဟု မခေါ်ဘဲ နွားဂါရီ ဟုသာ ခေါ်ရေ။ ထိုဂါရီကို အလှမောင်းဖို့ တန်ဆာဆင်ရေ ဂါရီယဉ်ဟု ခေါ်ရေ။

အဓိကကတော့ခါ မြက်နန့် ကောက်ရိုး ကြိုက်သော နွားကို အသားနန့် နို့အတွက်ရာ ခြံ၊ မြက်ခင်းပြင်တိမာ မွိးမြူကတ်တေ။ နို့စားနခြံ ဆိုပနာ ဟိရေ။ နိုင်ငံခြားမာ နွားနို့ကို အများနည်းတူ သမားရိုးကျ လက်ဖြင့် ညှစ်စွာလေ့ ဟိပိုင် စီးပွားဖြစ် နွားရုံတိမာ စက်ဖြင့် အလိုအလျောက် ညှစ်ယူပနာ သန့်စင်ပြီး၊ ပြန်ပနာ ရောင်းချကတ်တေ။ နို့စားနမသည် တရက်မာ ရေ ၉၀ ပိဿာထိ သောက်သုံးရပါက သားပေါက်နှုန်းနန့် နို့ထွက်နှုန်း ကောင်းမွန်စီရေ။[] နွားချီးသည် မြေဩဇာနန့် လောင်စာအတွက် အသုံးဝင်ရေ။ နွားသားရေကို အဝတ် ချုပ်ခြင်း မဟုတ်ရင် စာအုပ်ဖုံး ချုပ်ရာမာ သုံးရေ။ နွားရှင်သည် ကိုယ့်နွားကို အငှားကျောင်းပီးဖို့ နွားကျောင်းသား cowboy ကို အလုပ်ပီးနှိုင်ရေ။ သိုးထိန်းခွီး ဟိပိုင် နွားထိန်းခွီးလည်း ဟိရေ။ မြန်မာတောင်မက ကမ္ဘာ့တိုင်းပြည်များမာ နွားနန့် ဆိုင်ရေ ဆိုရိုးစကား များစွာဟိရေ။

နွားကြန်

တီးဖြတ်ပါ
ဖင်လန်နွားတမျိုး

ကြန်အင်လက္ခဏာအနိန်နန့် နွား တကောင်သည် ထိပ်ကွက်လျှင် မြီးစွတ်များပြီးကေ၊ ဆီးကြားကေလည်း၊ ဝမ်းကြားတတ်ရေ။ အလှမောင်း၊ ပြိုင်ပွဲဝင်၊ တောင်ယာလုပ်၊ ဆီဆုံတပ်ရာမာ ကောင်းမွန်သော နွားပြာစိမ်းသည် ဂြို အညိုများပြီးကေ၊ ကြိမ်လုံးလွတ်သော နွားပြာနက်သည် မျက်ကွင်း အညိုတိစွာ။

နွားအညံ့ဆုံးမာ အဝါမွေးပါရေ နွား ဖြစ်ပြီးကေ၊ နီဝါမွေး၊ အရဲမွေး နမျိုးသည် နွားကောင်းလက္ခဏာ မပြည့်စုံချေ။ တောင်သူဦးကြီးများ သတိထားရဖို့ နမာ တင်သားနိမ့်လျှောသော နမျိုး ဖြစ်ကာ၊ အစားအလွန် ရွေးရေ။ အလုပ်ခွင်မာ ပေကတ်နီတတ်ပြီး၊ ခိုင်းလျှင် အင်အားချည့်နန့်ရေ။

ဝါစိပြောက် ပါရေ နွားကား နွားသမင်လို့လေ့ ခေါ်ပြီးကေ၊ အစာရွေးရေ။ ရပ်စောက် အိပ်တတ်ရေ။ အမြဲတမ်း စားမြုံ့ပြန်နီတတ်ရေ။ ဝန်ပေါ့သာ ခိုင်းကောင်းယား၊ ဝန်လီး ခိုင်းမကောင်းချေ။ အသားပွသော နမာ အကောင်ကြီးကေလေ့၊ အားမသန်လှ။ ရီငန်ဆားငန်နန့် အစာကျွေးကေ အလွန်သဘောကျကာ၊ နခေါင်းနစ်အောင် စားတတ်ရေ။ ခိုင်းလျှင် ဝပ်တတ်ရေ။

ရိုးရိုးလှမ်းရေအခါ ဟိလ်ခြေကို နောက်ခြေက မကျီာ်နှိုင်ရေ နွားကို ခြီခွင်နွားဟု ခေါ်ကာ၊ တောင်ယာခိုင်းရာမာ ဗဟရီချေ။ ရှေ့သွားသျှစ်ချောင်းသည် အဖျားတုတ်ပြီး အရင်းသေးနိန်ရေ နွားကို လားကတ်ားရေယိုနွားဟု ခေါ်ရေ။ ဂြို လှုပ်လီလှုပ်လဲ့ ဖြစ်နိန်ကေ ဖို့လိုတတ်ရေ ချိုရေလူးနွား ဖြစ်တေ။ နွားကောင်းရေ်လည်း ရှောင်ကတ်တေ။ အစာကျွေးရာမာ တဖက်နွားကို လုစားခြင်း၊ နွားချင်းဝှေ့ခြင်း ပြုတတ်ရေ။ ခြေခါလက်ခါ နွားသည် နီရာသန့်ကြိုက်လို့ လူကိုလေ့ ကန်တတ်ရေ။ ခြေလက်ဆာနမျိုးသည် ကုန်းတက်ဆင်း၊ တောင်တက်ဆင်း မထိန်းတတ်ပါက လူရောနွားပါ ဒုက္ခဖြစ်တတ်ရေ။ အဂေါင်းတိုနွားသည် မိုးရိပ်လေရိပ်ကျကေ မြူးထူးခုန်ပေါက် ပြေးလွှားတတ်ကာ ထိန်းကျောင်းရ ခက်ခဲရေ။ ခရီးဝီးသွားရင် နခေါင်းကို ရမူတ်ပီးရသှ်။ နှာပွနွားသည် ကြိုးကိုက်၊ ကြိုးဖြတ်တတ်ရေ။ လည်တိုနွားသည် စိတ်ရူးပေါက်ကေ ထမ်းပိုးချိုးရေ။ အကြောင်းမသိသူ ခိုင်းလို့ မရ။ လည်ရှည်နွားသည် သဲတော၊ ဘိတ်တော ခိုင်းရာမာ သက်လုံမကောင်းပနာ ရှောင်ကတ်တေ။[]

နွားကောင်း အမျိုးအစား

တီးဖြတ်ပါ
  1. ထိပ်ကွက်
  2. မြီးစွတ်
  3. ဆီးကြား၊ ဝမ်းကြား
  4. ကြန်စုံ
  5. သျှစ်စပိတ်
  6. နွားပြာနက်
  7. နွားပြာစိမ်း
  8. နှာရောင်ကြား
  9. နှာရောင်ရှည်
  10. စအု
  11. မျက်ကွင်းညို
  12. ဂြိုညို[]

နွားညံ့အမျိုးအစား

တီးဖြတ်ပါ
  1. နွားဝါမျက်ကြား
  2. နွားဝါဖင်ဖြူ
  3. သမင်မွီးချိုရှည်
  4. နွားဝါကြားချိုရှည်
  5. နွားဝါပတုံးနီ
  6. နွားနီချိုကေးဝါ[]

မျိုးစိတ်

တီးဖြတ်ပါ
ဥရောပပြောင်နန့် နွား မျိုးစပ်လိုက်ရာမှ ထွက်လှာသော ဇူဘရွန်

နွားကို မူလက မျိုးစိတ်သုံးမျိုးအဖြစ် ခွဲခြားရေ။ Bos taurus; Bos indicus နန့် မျိုးတုံးလားရာဖြစ်ရေ Bos primigenius ရို့ ဖြစ်တေ။ Bos taurus မာ ဥရောပနမျိုးဖြစ်ပြီးကေ၊ အာသျှနန့် အာဖရိကမှ ယင်းနည်းပိုင်နမျိုးလည်း ပါဝင်ရေ။ Bos indicus မာ ဇီဘူ ဝါ ဘင်္ဂလားနွား ဖြစ်တေ။ ဘင်္ဂလားနွားသည် ဘို့ပါရေ အိန္ဒိယနွားလည်း ဟုတ်ရေ။ Bos primigenius မာ အော်ရို့စ် နွား ဖြစ်တေ။ အော်ရို့စ်သည် ဇီဘူနန့် တော်ရင်းနွားရို့ဧ့ ဘိုးအေ ဖြစ်တေ။ ထိုမျိုးစိတ် သုံးမျိုးလုံးကို ဂုချိန်ခါ Bos taurus မျိုးစိတ်ထဲ ပြန်သွင်းကာ Bos taurus primigenius, Bos taurus indicus, Bos taurus taurus မျိုးစိတ်ခွဲရို့အဖြစ် ပြန်ခွဲခြာထားလိုက်ရေ။

အော်ရို့နွား Aurochs သည် မူလက ဥရောပ၊ မြောက်အာဖရိကနန့် အာသျှ အင်တန်များများတလျှောက် တည်ဟိရေ။ သမိုင်းတလျှောက် တဆတ်ဆတ်နန့် ဥရောပတိုက်မာသာ တွိဟိရလီရေ။ နောက်ဆုံးကျန်ရေ အကောင်ဟု သိရရေ နမာ ၁၆၂၇ ခုနှစ်လောက်မာ ပိုလန်၊ မဇိုဗီယာမာ သီဆုံးလားရေ။[] သားဖောက်သူတိစွာ အော်ရို့နွားနန့် ဆင်တူရေ နမျိုးရယောင် အရာ ရိုးရာမွိးမြူရီးနွားတိကို မျိုးစပ်ဖန်တီးရာ ဟက်ခ်နများ Heck cattle ဖွားမြင် ပေါ်ပေါက်လာရေ။

နာမည်သညာ

တီးဖြတ်ပါ

နမ (တချို့ဒေသများဝယ် နမဟုဖတ်) ကို cow, နထီးကို bull, နွားကို ခြုံလို့ ခေါ်ကေ cattle ဖြစ်တေ။ cattle သည် ကျွဲနွား အစုကို ရည်ညွှန်းရေ။ နွားကို တရုတ်လို 牛 niú နျို၊ ဂျပန်လို うし, ushi, အုဟိ၊ ကိုရီးယားလို 가축 ဂါချု ထိုင်းလို วัว ဝွော၊ မလေးလို lembu လင်းဘူ၊ ဟင်ဒေပိုင် पशु ပရှူး ဟု ခေါ်ရေ။

စကားလုံးရင်းမြစ်

တီးဖြတ်ပါ

နာမ် cattle သည် အများကိန်း ဖြစ်ကာ၊ အနည်းကိန်းမဟုတ်။ အထီးအမ လိင်နှစ်မျိုးစလုံး ပါဝင်ရေ။ အနည်းကိန်းအနေနန့် cow သည် နမ ဖြစ်ကာ၊ bull သည် နထီးကို ဆိုလိုရေ။ အတိကိန်း cows သည် အရပ်ပြောမာ နွားအုပ်ထဲမာ ဟိရေ နထီးနမ အားလုံးကို ခြုံညွှန်းရေ။ ယင်းအတွက်နန့် ပြောဆိုသူက အမတိကိုရာ ညွှန်းဆိုလိုရေအခါ လွဲမားမှု ဖြစ်လှာရေ။

Cattle သည် bovine ဆိုရေ အခေါ်မှ ဆင်းသက်မလာချေ။ ယင်းကို အင်ဂလို-နော်မန် catel မှ ယူငင်ရေ။ ထို catel စွာလေ့ အလယ်ခေတ် လက်တင် capitale (ဖေသာပေါင်း)မှ လာရေ။ capitale စွာလေ့ ခေါင်းဆိုရေ caput မှ လာရေ။ Cattle ဧ့ မူရင်းအဓိပ္ပာယ်သည် ရွှိပြောင်းနှိုင်ရေ တကိုယ်ရေဥစ္စာ၊ အထူးအနိန်နန့် ကျွဲနသိုးဆိတ်ပိုင်ယှောင် မွိးမြူရီးတိရစ္ဆာန်များ ဖြစ်ကာ၊ အမှန်အကန် ပိုင်ဆိုင်မှု ဖြစ်ရေ မြီယာ၊ ကြက် (ကြက်သည် မြေဧ့ တစိတ်တပိုင်းအဖြစ် ရောင်းနိုင်အတွက်နန့် အမှန်အကန် ပိုင်ဆိုင်မှု ဖြစ်) ရို့နန့် ဆန့်ကျင်ဘက် ယူရေ။ Chattel (ပိုင်ဆိုင်မှု ယူနစ်) ဧ့ မူကွဲ ဖြစ်ကာ၊ စီးပွားရီးအမြင်အရ capitale နန့် ပိုနီးစပ်ရေ။ အိန်းဂလိချ်ဟောင်းမာ feoh (cattle, property) နန့် အစားထိုးခပြီးကေ၊ ဒေနိအခါ fee ဖြစ်လှာရေ။

Cow စကားလုံးသည် အများသုံး အင်ဒို-ဥရောပ gous မှ၊ အင်္ဂလို-ဆက်ဆွန် cu (အတိကိန်း cy)မှတဆင့် လာရေ။ ပါရှန်း gav သက္ကတ go- ဝေလ် buwch ရို့နန့် နှိုင်းနိူင်းနှိုင်ရေ။ အတိကိန်း cy သည် အလယ်ခေတ်အိန်းဂလိချ်မာ ki or kie ဖြစ်လှာပြီးကေ၊ အတိကိန်း အဆုံးသတ်အပိုကို ထည့်ပေါင်းကတ်ရာမှ kine, kien, kies, kuin စသနန့် ပွားလာရေ။ ဒေချင့်စွာမာာ အဂုပေါရာဏအိန်းဂလိချ် kine ဧ့ မူလအစ ဖြစ်လီရေ။ စံဂိုး့ဘာသာ အနည်းကိန်းမာ coo or cou ဖြစ်ကာ၊ အတိကိန်းမာ kye ဟူဧ့။

သမ္မာကျမ်းစာဧ့ ဂျိမ်းဘုရင်ဗားရှင်းပိုင် ပိုရှီးကျသော အိန်းဂလိချ်စာအရင်းမြစ်မာ cattle သည် မွိးမြူရီးနွားတိကို ညွှန်းကာ၊ အရိုင်းကို ညွှန်းသော သမင်နန့် ဆန့်ကျင်ဘက် သတ်မှတ်ရေ။ Wild cattle သည် ငယ်မွီးခြံပေါက်မဟုတ်ရေ Bos အုပ်စုဝင် နွားရိုင်းတိကို ညွှန်းပေမည်။ ဒေနိအခါ ဇာ မျိုးပြဝန်မှ မသုံးရေအခါ၊ cattle ဧ့ ခေတ်ပေါ်အဓိပ္ပာယ်သည် ခြံမွေးနွား bovines တိကို အများအနိန်နန့် ညွှန်းလီရေ။

ဝေါဟာရ အသုံးအနှုန်း

တီးဖြတ်ပါ
  • သင်းပြီး နွားကို နွားပြီး ခေါ်ရေ။
  • သင်းခတ်ရာ ယှူရေသော နွားကို နွားသင်းကြောင် ဝါ နသိုးကြောင် ခေါ်ရေ။
  • နမပျိုကို နမတမ်းလို့လေ့ ခေါ်ရေ။
  • နွားအချေကို နပေါက်စဟု ခေါ်ရေ။
  • နွားကသော ဂါရီကို နွားဂါရီ ဝါ ဂါရီယဉ် ခေါ်ရေ။
  • နွားလည်မာ ဆွဲသော ချူကို ခလောက် ဟု ခေါ်ရေ။
  • အရိုင်းဘဝ ဟိရေ နွားကို နွားရိုင်း ခေါ်ရေ။
  • မွိးမြူထားရေ နွားရိုင်းကို နွားနောက် ခေါ်ရေ။
  • နွားအများမွေးသော ခြံကို နခြံ၊ နို့စားနခြံ ခေါ်ရေ။ ခြံ ငယ်လျှင် နွားတင်းကုပ်၊ တကောင်တည်းမွေးထားကေ နွားတဲ ဖြစ်တေ။
  • နွားနခေါင်းမာ ဖောက်လံထားရေ ကြိုးကို နဖားကြိုး ခေါ်ရေ။ ခုံးတိုင်ချီကြိုးမာ မြက်ခင်း ဂွက်မာ ရှည်ရှည် လှန်ထားရေ ငုတ်ဖြင့် စိုက်ထားရေ ကြိုး ဖြစ်တေ။
  • ကျွဲနများ လှန်ထားရေ မြက်ခင်းပြင် သို့မဟုတ် လွင်ပြင်သည် ဂွက် ဖြစ်တေ။ စားသော အစာခွက်သည် စားကျင်း ဝါ နွားစာခွက် ဖြစ်တေ။
  • ကာနာသော နွားကို တုတ်နွား ခေါ်ရေ။
  • နွားဧ့ နောက်ကုန်းပေါ် ထိုးထွက်နိန်ရေ အလုံးကို လဘို့၊ နွားလဘို့၊ နွားဘို့၊ ဘို့ ခေါ်ရေ။
  • နွားဧ့ ခြီသည်းကို ခွာဟု ခေါ်ရေ။
  • အလွန်သန်မာ ထွားကျိုင်းလို့ နွားအုပ်ကို ဦးဆောင်နှိုင်ရေ နွားသည် ရာဇဝင်မာ နွားလားဥသဘ ဝါ ဥသဘနွား ခေါ်ရေ။
  • နများ တကောင်နန့် တကောင် ချိုဖြင့် တိုက်ခိုက်လျှင် ဝှေ့သည် ခေါ်ရေ။[][]

ဝေါဟာရဗေဒ

တီးဖြတ်ပါ
ဟီရာဖို့ဒ် နသိုးတကောင်

ယေဘုယျအနိန်နန့် စကားလုံးတလုံးတည်းပင် ကမ္ဘာအဝှမ်း သုံးကတ်ကေလေ့ အဓိပ္ပာယ်အားဖြင့် မဆိုစလောက်နန့် မပြားမနား ကွဲပြားသိရေ။ ဗြိတိန်နန့် ဗြိတိန်လွှမ်းမိုးသော ကမ္ဘာဧ့ အရာအစိတ်အပိုင်းများ ဖြစ်တေ ကနိန်ဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိုင်ယာလန်နန့် အမင်ရကန်ရို့နန့် အသုံးအနှုန်း ကွာခြားထွေပြားမှုကို ဒေနီရာမာ ဖော်ပြထားရေ။[]

  • နထီးကြီး (သင်းခတ်မထား) ကို ဘူးလ် bull ခေါ်ရေ။ အရိုင်းဘဝ၊ ငယ်ရွယ်ပြီးကေ၊ အမှတ်အသားမဟိရေ နထီးကို ဩစတြေးလျဝယ် မစ်ကီ micky ဟု သိရေ။ အထီးဖြစ်စီ၊ အမဖြစ်စီ တံဆိပ်မကပ်ရေ bovine တိကို ယူအက်စ်နန့် ကနိန်ဒါမာ မာဗရစ် maverick ခေါ်ရေ။
  • နပေါက်အချေ calf တကောင်နန့် အထက် ဟိရေ နမကြီးရေ ကောင်းဝ် cow ဖြစ်တေ။
  • နမငယ်သည် ကိုယ်ပိုင်အချေ မဟိသိမ့်၊[] အသက်ကလေ့ သုံးနှစ်အောက်ဆိုကေ နမတမ်း၊ နမပျို၊ ဟက်ဖာ heifer ခေါ်ရေ။[] နပေါက်စ တကောင်တည်းရာ ဟိရေ နမအချေကိုလေ့ ရံခါ သားဦးနမတမ်း first-calf heifer ခေါ်ရေ။
ဟတ်ဖီးတောအုပ်မှ နမတမ်း heifer
  • အထီးအမ နပေါက်စအချေကို နို့မဖြတ်ခင်ထိ calves ခေါ်ရေ။ တချို့ဒေသမာ နို့မြက်ပြီးကေလေ့ တနှစ်အရွယ်ထိ ခေါ်ရေ။ တချို့တချို့မာမူ အမဲပေါ်လို့ ရရေ နထီးပေါက်စကိုရာ ခေါ်ရေ။ သို့ ခေါ်ကေ feeder calves သို့ feeders ဟု အလွယ် ခေါ်ရေ။ ယပြီးကေ တနှစ်မှ နှစ်နှစ်ကြားကို တနှစ်သားချေ yearlings သို့မဟုတ် stirks ဟု ညွှန်းရေ။[၁၀]
  • သင်းခတ်ပြီး အထီး (နွားပြီး) ကို အမင်ရကန်မာ စတီးရ် steer ခေါ်ရေ။ သင်းခတ်နွားအိုတိကို ကမ္ဘာ့တချို့နီရာများမာ ဘူးလတ် bullocks ဟု တနားတခါ ခေါ်ရေ။[၁၁] ယကေလေ့ မြောက်အမင်ရိကမာ ထိုဝေါဟာရဖို့ နထီးအချေကို ညွှန်းရေ။ Piker bullocks ဆိုစွာမာ ဖမ်းမိရာ၊ သင်းခတ်ပြီးကေ ပြန်ပျောက်ဆုံးလားသော micky bulls ပင် ဖြစ်တေ။ micky bulls မာ သင်းပြည့် နထီးငယ် ဖြစ်တေ။ ဩစတြေးလျမာ ဂျပန်နွား Japanese ox မာ ဂျပန်အမဲသားရောင်းဝယ်ရီးအတွက် သီးသန့်မွိးမြူသော ကီလို ၅၀၀ မှ ၆၅၀ အလီးချိန်ကြားဟိရေ ပြောင်းဆန်ကျွေး steers ကို ခေါ်ရေ။ မြောက်အမင်ရိကမာ လေးနှစ်အောက် draft cattle ကို working steers ခေါ်ရေ။ မသင့်လျော်သော သို့မဟုတ် နောက်ကျမှ သင်းခတ်ခံရရေ နထီးမာ ဩစတြေးလျ၊ ကနိန်ဒါနန့် နယူးဇီလန်မာ stag ဟု ထင်ရှားကာ၊ ဇုတ်ကင်းနှိုင်ရေ ကြမ်းတမ်းရေ နသိုး ကြောင် ဖြစ်လှာရေ။ တချို့နိုင်ငံများမာ အပြည့်အဝ သင်းမကွပ်မိရေ အထီး (နွားသင်းကြောင်)ကို rig လို့လေ့ သိကတ်တေ။
  • ခိုင်းရန် သို့ စီးနင်းရန် ရည်ရွယ်မွေးထားရေ သင်းခတ်ပြီးအထီး ကို ox (အတိကိန်း oxen) ဟု ခေါ်ရေ။ ox ဆိုရေ စကားလုံးသည် နွားသေကိုလေ့ ညွှန်းရေ။ နမူနာ နွားသားရေ ox-hide, နွားသွေး ox-blood, နမြီး oxtail, နွားအသည်း ox-liver။[]
  • Springer သည် နပေါက်နန့် နီးစပ်သော cow သို့မဟုတ် heifer ဖြစ်တေ။[၁၂]
  • နမျိုးစိတ်အားလုံးမာ နထီးတကောင်ဧ့ အမြွှာ နမသည် မြုံတတ်လေ့ ဟိကာ၊ ဖရီးမာတင် freemartin ခေါ်ရေ။
  • Neatsfood oil ဆိုပနာ ဆင်းသက်လာရေ ချိုနွား Neat, နွားငယ်ကို ဆိုရေ beef နန့် သားသတ်ရန် သင့်လျော်ရေ တိရစ္ဆာန်ငယ်တိကို ဆိုရေ beefing ရို့စွာ အသုံးမဟိတော့သော ဝေါဟာရများ ဖြစ်ကေလေ့၊ poll, pollard နန့် polled cattle ရို့မာ သဘာဝအားဖြင့် ချိုမဲ့ တိရစ္ဆာန်တိကို ယဂုထက်ထိ ခေါ်မာနိန်ရေ အသုံးများ ဖြစ်တေ။ တချို့ဒေသများမာ ချိုတိထားရေ၊ ချိုနုတ်ထားရေ အကောင်တိကိုလေ့ ခေါ်ရေ။
  • လူရို့စားသုံးဖို့အတွက် မွိးမြူထားရေ နွားတိကို သားစားနွား beef cattle ဟု ခေါ်ရေ။ အမင်ရကန် သားစားနမွိးမြူရီးလောကဝယ်၊ အမဲသား beef (အတိကိန်း beeves)ဆိုရေ အခေါ်ဟောင်းသည် အထီးအမမရွီး တိရစ္ဆာန်တကောင်ကို ရည်ညွှန်းလိုရေအခါမှ အသုံးပြုနီတုန်း ဖြစ်တေ။ ဩစတြေးလျန်း၊ ကနိန်ဒီယန်း၊ နယူးဇီလန်နန့် ဗြိတိန်က လူတိကမူ ယင်းပိုင် ညွှန်းလိုရေအခါ သားရဲ beast ဝေါဟာရကို သုံးရေ။[၁၃]
  • နို့ထုတ်လုပ်ဖို့အတွက် ကြိုးစားပန်းစားသားဖောက်သော နွားကို နို့ညှစ်နွား milking ဝါ နို့စားနွား dairy cattle ဟု ခေါ်ရေ။ မိသားစုတစုတည်း နို့ရဟိရန် မွိးမြူထားရေ နမကို အိမ်နမ house cow or milker ဟု ခေါ်ချင် ခေါ်မည်။ Fresh cow ဆိုစွာမာ လောလောလတ်လတ် ပူပူနွေးနွေး မီးဖွားပြီးရေ သားဦးဖွား နမကို ခေါ်ရေ ဝေါဟာရ ဖြစ်တေ။
  • ယေဘုယျအနိန်နန့် နွားတိကို ညွှန်းလိုရေ နာမဝိသေသနမာ bovine - နွားနန့်ဆိုင်ရေ ဖြစ်တေ။ Bull, cow နန့် calf ရို့ကို ဝေလငါးရီမြင်းကုလားအုတ်သမင်ကြီးနန့် ဆင်အပါအဝင် အရာ သတ္တဝါကြီးတိဧ့ လိင် သို့မဟုတ် အသက်ကို ညွှန်ပြဖို့ ဖြန့်ကျက်လို့လည်း သုံးရေ။

နွားစကားပုံ

တီးဖြတ်ပါ

ကိုးကား

တီးဖြတ်ပါ
  1. 1 2 3 4 ချိုဂြို (ပထမ-ရွှီကျင်) (သြဂတ် ၁၉၉၇). "နွားအကြောင်း သိကောင်းစရာများ" (in My). နက္ခတ္တရောင်ခြည်မဂ္ဂဇင်း ၁၃၃ (၁၉၉၇ သြဂတ်လ): ၁၈၂-၁၈၃. ဦးခင်မောင်ဝင်း.
  2. "အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၇ (ကျွဲ၊ နွားအသျှင်တိအား ပြည်ပသို့တရားဝင်တင်ပို့ခွင့်ပြုခြင်း)".
  3. "နမွိးမြူရီးအတွက် အခြီခံအစာကျွေးနည်းစနစ်နန့် အာဟာရလိုအပ်ချက်တိတွက်ချက်ပုံ".
  4. Van Vuure, C.T. 2003. De Oeros – Het spoor terug (in Dutch), Cis van Vuure, Wageningen University and Research Centrum: quoted by The Extinction Website: Bos primigenius primigenius. Archived 20 April 2009 at the Wayback Machine.
  5. မြန်မာစာအဖွဲ့၊ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း
  6. iAbidan, အိန်းဂလိချ်-မြန်မာ အဘိဓာန်
  7. "Cattle Terminology". experiencefestival.com. Archived from the original on 1 April 2008.
  8. တမ်းပလိတ်:Cite dictionary
  9. 1 2 Delbridge, Arthur, The Macquarie Dictionary, 2nd ed., Macquarie Library, North Ryde, 1991
  10. McIntosh, E., The Concise Oxford Dictionary of Current English, Clarendon Press, 1967
  11. Delbridge, A, et al., Macquarie Dictionary, The Book Printer, Australia, 1991
  12. FAQs: What is meant by springer cows and heifers? Archived 7 July 2010 at the Wayback Machine., Dr. Rick Rasby, Professor of Animal Science, University of Nebraska – Lincoln, 6 September 2005. Retrieved: 12 August 2010.
  13. UK Daily Mirror article 5 Jan 2015 Archived 7 November 2016 at the Wayback Machine. Retrieved on 6 November 2016

အရာကြည့်ရန်

တီးဖြတ်ပါ

တမ်းပလိတ်:Wiktionary တမ်းပလိတ်:Wikispecies

  • Bhattacharya, S. 2003. Cattle ownership makes it a man's world Archived 7 October 2008 at the Wayback Machine.. Newscientist.com. Retrieved 26 December 2006.
  • Cattle Today (CT). 2006. Website. Breeds of cattle Archived 1 August 2016 at the Wayback Machine.. Cattle Today. Retrieved 26 December 2006
  • Clay, J. 2004. World Agriculture and the Environment: A Commodity-by-Commodity Guide to Impacts and Practices. Washington, DC: Island Press. ISBN 1-55963-370-0.
  • Clutton-Brock, J. 1999. A Natural History of Domesticated Mammals. Cambridge: Cambridge University Press. ISBN 0-521-63495-4.
  • Purdy, Herman R.; R. John Dawes; Dr. Robert Hough (2008). Breeds Of Cattle (2nd ed.). – A visual textbook containing History/Origin, Phenotype & Statistics of 45 breeds.