ကုသလကမ္မပထတရား
ကုသလကမ္မပထတရား[၁] (သို့မဟုတ်) သုစရိုက်ဆယ်ပါး ဆိုစွာမှာ ကောင်းရေလားရာသုဂတိဘုံတိသို့ ပို့ဆောင်ပီးနှိုင်ပြီး နိဗ္ဗာန်သို့ ရောက်ဟိရန် အထောက်အပံ့ဖြစ်စီရေ ကောင်းမြတ်ရေ ဝသီသီလတိ ဖြစ်ကတ်တေ။ ဒေတရားရို့စွာ သတ္တဝါရို့၏ စိတ်အစိုင်၌ ဖြစ်ပေါ်လိ့ဟိရေ အကုသိုလ်အမိုက်မိုက်တိကို ဖယ်ယှားပီးနှိုင်ရေ သဘောဟိရေ။
ကုသလကမ္မပထတရား အမျိုးအစားတိ
တီးဖြတ်ပါကုသလကမ္မပထတရား (၁၀) ပါးကို ဖြစ်ပေါ်ရာ ဒွါရ (တန်းခါး) အလိုက် အရွီ (၃) စု ခွဲခြာထားပါရေ -
၁။ ကာယကံ (ကိုယ်နန့်ပြုရေ ကောင်းမှု) - ၃ ပါး
- ပါဏာတိပါတာ ဝေရမဏိ - သူ့အသက်သတ်ခြင်းက ယှောင်ကြဉ်ခြင်း။
- အဒိန္နာဒါနာ ဝေရမဏိ - သူ့ဥစ္စာခိုးယူခြင်းက ယှောင်ကြဉ်ခြင်း။
- ကာမေသုမိစ္ဆာစာရာ ဝေရမဏိ - ကာမဂုဏ်ရို့မာ မှားယွင်းစွာ ကျင့်ခြင်းက ယှောင်ကြဉ်ခြင်း။
၂။ ဝစီကံ (နှုတ်နန့်ပြုရေ ကောင်းမှု) - ၄ ပါး
- မုသာဝါဒါ ဝေရမဏိ - ဝါပြောဆိုခြင်းက ယှောင်ကြဉ်ခြင်း။
- ပိသုဏာယ ဝါစာယ ဝေရမဏိ - ကုန်းတိုက်စကား ပြောဆိုခြင်းက ယှောင်ကြဉ်ခြင်း။
- ဖရုသာယ ဝါစာယ ဝေရမဏိ - ကြမ်းကြုတ်ရေစကား ပြောဆိုခြင်းက ယှောင်ကြဉ်ခြင်း။
- သမ္ဖပ္ပလာပါ ဝေရမဏိ - တောင်စိုင်ရီမရ ပြိန်ဖျင်းရေစကား ပြောဆိုခြင်းက ယှောင်ကြဉ်ခြင်း။
၃။ မနောကံ (စိတ်နန့်ပြုရေ ကောင်းမှု) - ၃ ပါး
- အနဘိဇ္ဈာ - သူတပါးစီးစိမ်ကို မိမိဥစ္စာဖြစ်လိုရေအနိန်နန့် မကြံစည်ခြင်း။
- အဗျာပါဒ - သူတပါး စီးပွားပျက်စီးကြောင်း မကြံစည်ဘဲ မေတ္တာပွားများခြင်း။
- သမ္မာဒိဋ္ဌိ - ကံ၊ ကံဧ့အကျိုးနန့် သစ္စာတရားရို့ကို မှန်ကန်လို့ ယူဆခြင်း။
ဒွါရနန့် ကံရို့၏ ဆက်စပ်မှု
တီးဖြတ်ပါကုသလကမ္မပထတရားရို့စွာ ဖြစ်ပေါ်ရာဒွါရအလိုက် အောက်ပါအတိုင်း ကွဲပြားရေ -
- ကာယဒုစရိုက် ၃ ပါးမှ ယှောင်ကြဉ်ခြင်း: ကိုယ်အမူအရာနန့် ယှောင်ကြဉ်ကေ ကာယဒွါရ၌ဖြစ်ရေ ကာယကံ၊ နှုတ်နန့်ပြောဆိုယှောင်ကြဉ်ကေ ဝစီဒွါရ၌ဖြစ်ရေ ကာယကံ၊ စိတ်နန့်သာ ယှောင်ကြဉ်ကေ မနောဒွါရ၌ဖြစ်ရေ ကာယကံ ဆိုစွာ။
- ဝစီဒုစရိုက် ၄ ပါးမှ ယှောင်ကြဉ်ခြင်း: ကိုယ်အမူအရာနန့် (နမူနာ-စာရီး၍) ယှောင်ကြဉ်ကေ ကာယဒွါရ၌ဖြစ်ရေ ဝစီကံ၊ နှုတ်နန့်ပြောဆိုယှောင်ကြဉ်ကေ ဝစီဒွါရ၌ဖြစ်ရေ ဝစီကံ၊ စိတ်နန့်သာ ယှောင်ကြဉ်ကေ မနောဒွါရ၌ဖြစ်ရေ ဝစီကံ ဆိုစွာ။
- မနောကံ ၃ ပါး: အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒိဋ္ဌိရို့စွာ မနောဒွါရ၌ အများဆုံးဖြစ်ကေလေ့ ကိုယ်၊ နှုတ်ရို့နန့်လည်း ဖော်ပြနိူင်စွာ (နမူနာ- မေတ္တာစကားပြောဆိုခြင်းစွာ ဝစီဒွါရ၌ဖြစ်ရေ မနောကံဖြစ်တေ)။
ကုသိုလ်ပြုရာမာ စေတနာ (၃) ပါး ပြည့်စုံရန် လိုအပ်စွာ -
၁။ ပုဗ္ဗစေတနာ - မပြုမီ ကြိုတင်ပြင်ဆင်ရေ စေတနာ။
၂။ မုဉ္စစေတနာ - ပြုဆဲအခါ၌ဖြစ်ရေ စေတနာ။
၃။ ပရစီတနာ - ပြုပြီးကေ ပြန်ပနာဆင်ခြင်၍ ဝမ်းသာရေ စေတနာ။
ကုသလကမ္မပထတရားရို့စွာ ပုညကိရိယဝထု (၁၀) ပါး မာ သီလ အစု၌ အကျုံးဝင်ရေ။
အကျိုးပီးနန့် နိဂုံး
တီးဖြတ်ပါကုသလကမ္မပထတရားရို့ကို ကျင့်ကြံသူရို့စွာ သီလွန်ရေအခါ လူ့ပြည်၊ နတ်ပြည် (ကာမသုဂတိ ၇ ဘုံ) ရို့မာ ကောင်းရေ ပဋိသန္ဓေအကျိုးကို ရဟိစီနှိုင်ရေ။ ယင်းအပြင် ဒေသုစရိုက်တရားရို့စွာ သမထနန့် ဝိပဿနာဘာဝနာရို့ကို ပွားများနိုင်ဖို့ အခြီခံအမြစ် (မူလ) ဖြစ်ရေ သီလဝိသုဒ္ဓိ ကို ဖြစ်ပေါ်စေအနိန်နန့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့အဓိကလမ်းပြမြီပုံတိ ဖြစ်ကတ်တေ။[၂]