ကိုလံဘိုမီးပြတိုက်ဟောင်း
ကိုလံဘိုမီးပြတိုက်ဟောင်း သို့မဟုတ် ကိုလံဘိုခံတပ်နာရီစင် ရေ သီရိလင်္ကာနို်င်ငံ၊ ကိုလံဘိုမြို့မာ တည်ဟိရေ မီးပြတိုက်တခု ဖြစ်တေ။ ဂုချိန်ခါမာ နာရီစင်တခု အဖြစ် တည်ဟိနိန်ရေ။ ဒေမီးပြတိုက်သည် အလုပ်လုပ်ဆောင်မှု မဟိတော့ပေ၊ ယကေလေ့ ဂုချိန်ခါမာ နာရီစင်တခုအဖြစ် ကျန်ဟိနီရေ။ ယင်းသည် ကိုလံဘိုခံတပ်ဟိ Janadhipathi Mawatha (အယင် Queens Road) နန့် ချသမ်လမ်းနှစ်ခု ဆုံရာမာ တည်ဟိရေ။
The clock tower lighthouse | |
| တည်နီရာ | Fort Colombo Sri Lanka |
|---|---|
| OS grid | |
| ကိုဩဒိနိတ် | 6°56′5″N 79°50′34″E / 6.93472°N 79.84278°ECoordinates: 6°56′5″N 79°50′34″E / 6.93472°N 79.84278°E |
| တည်ဆောက်ခဲ့ | 1829 (first) |
| ပထမဆုံးမီးထွန်း | 1865 |
| အလိုအလျောက် | no |
| ဖျက်သိမ်း | 1952 |
| ဆောက်လုပ်ရီး | brick tower |
| မီးပြတိုက်ပုံစံ | square tower with balcony and lantern |
| အမှတ်အသား | white tower with stone trim, grey metallic lantern |
| မီးပြတိုက်အမြင့် | ၂၉ m (၉၅ ft) |
| ARLHS number | SLI-021 |
သမိုင်းကြောင်း
တီးဖြတ်ပါ
တာဝါကို နာရီစင်တခုအဖြစ် ၁၈၅၆ - ၅၇ မာ တည်ဆောက်ခပြီးကေ ၁၈၅၇ ခုနှစ် ဖေဖဝါရီလ ၂၅ ရက်နိမာ ပြီးစီးခရေ။[၁] တာဝါကို အုပ်ချုပ်သူ Sir Henry George Ward (1797 – 1860) ဧ့ ဇနီးဖြစ်သူ Emily Elizabeth Ward က ဒီဇို်င်းရီးဆွဲခရေ။[၁][၂] တည်ဆောက်မှုကို ပြည်သူ့လုပ်ငန်းများဌာနက ဒါရိုက်တာဖြစ်သူ Mr John Flemming Churchill ဧ့ ဦးဆောင်မှုအောက်မာ တာဝန်ယူခရေ။ ထိုအချိန်က ၂၉ မီတာ (၉၅ ပေ) အမြင့်ဟိရေ ဒေမီးပြတိုက်ရေ ကိုလံဘိုမာ အမြင့်ဆုံး အဆောက်အဦ ဖြစ်တေ။[၃] မူလနာရီစင်တည်ဆောက်ဖို့အစီအစိုင်ကို အုပ်ချုပ်သူ Sir Robert Brownrigg (1759 – 1833) က ၁၈၁၄ ခုနှစ်မာ £1,200 ဖြင့် ပြုလုပ်ခရေ။ ယကေလေ့ ယင်းကို ဂူဒင်ဂဒင်တခုမာသာ ထိန်းသိမ်းထားခရရေ။ စီးပွားရီးဆိုင်ရေ အကြောင်းတိကြောင့် ယင်းကို ၁၈၅၇ ခုနှစ် ရောက်ယင့်အချိန်မှ နောက်ဆုံးပြုလုပ်ခကတ်ရရေ။
နံဘေးအနားဟိ အဆောက်အဦတိစွာ မီးပြတိုက်ဧ့ အလင်းရောင်ကို ဖုံးကွယ်သဖြင့် ဒေမီးပြတိုက်ကို ပိတ်ခပြီး ၁၉၅၂ ခုနှစ်၊ ဇူလို်ငလ ၁၂ ရက်နိမာ ဖျက်သိမ်းခရေ။ ယင်းဧ့ နီရာတွင် ခေတ်မီ ဂယ်လီဘတ်မီးပြတိုက်ကို အစားထိုးကာ တည်ဆောက်ခရေ။
အသွင်အပြင်
တီးဖြတ်ပါပြင်ပလင့်များ
တီးဖြတ်ပါကိုးကား
တီးဖြတ်ပါ- 1 2 Paranavitana၊ Dr. K. D.။ "The Big Ben of Colombo - the Chatham Street clock tower"၊ 25 June 2006။ 8 October 2014 တွင် ပြန်စစ်ပြီး။
- ↑ "Genealogy of Henry George Ward". Daniel Morgan's Genealogy Pages. 31 December 2010. Retrieved 8 October 2014.
- ↑ "Lighthouse Explorer: Colombo Clock Tower". Lighthouse Digest. Archived from the original on 12 October 2014. Retrieved 8 October 2014.