ကာမတဏှာ
ကာမဂုဏ်၌ တပ်မက်မှု၊ လိုချင်တပ်မက်မှု၊ ကာမတဏှာ[၁]။ [၂][၃]
ကာမတဏှာ ဆိုစွာမာ အာရုံခြောက်ပါး ဟိရေအနက်မှ အာရုံ ခြောက်ပါးလုံး အထက်မှာပဲဖြစ်စီ သို့မဟုတ် အာရုံတစ်မျိုးမျိုး အထက်မှာပဲ ဖြစ်စီ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိခေါ်ရေ ဒိဋ္ဌိရို့နန့် နိူင်းတွဲမှုမဟိဘဲ ဖဖြောင့် တွယ်တာမက်မောနီရေ တဏှာတရားကို ကာမတဏှာဟု ခေါ်ပါရေ။ [၄]
တဏှာ (၆)ပါး
တီးဖြတ်ပါ- ၁။ ရူပတဏှာ = ရူပါရုံ၌ တပ်မက်တတ်ရေ တဏှာ,
- ၂။ သဒ္ဒတဏှာ = သဒ္ဒါရုံ၌ တပ်မက်တတ်ရေ တဏှာ,
- ၃။ ဂန္ဓတဏှာ = ဂန္ဓာရုံ၌ တပ်မက်တတ်ရေ တဏှာ,
- ၄။ ရသတဏှာ = ရသာရုံ၌ တပ်မက်တတ်ရေ တဏှာ,
- ၅။ ဖောဋ္ဌဗ္ဗတဏှာ = ဖောဋ္ဌဗ္ဗာရုံ၌ တပ်မက်တတ်ရေ တဏှာ,
- ၆။ ဓမ္မတဏှာ = ဓမ္မာရုံ၌ တပ်မက်တတ်ရေ တဏှာ --- ဟု
အာရုံမှ ဆင်းသက်လာရေ နာမည်ဧ့ အစွမ်းနန့် ဝိဘင်းပါဠိတော်၌ တဏှာ (၆)ပါးရို့ကို ဘုရားသျှင်စွာ ထင်ယှားပြသ ဟောကြားတော်မူအပ်ကုန်ရာ။
ထိုတဏှာရို့တွင် တစ်မျိုး တစ်မျိုးရေ တဏှာစွာ ဖြစ်ပုံအခြင်းအရာအနိန်နန့် ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဆိုပနာ သုံးမျိုးစီ ပြားဧ့။
၁။ ကာမတဏှာ --- စက္ခုပသာဒဝယ် ရူပါရုံ ထင်လာရေအခါ ထိုရူပါရုံလို့ဆိုရေ လိုချင်စရာ ဝထုကာမကို များစွာသာယာခြင်းဧ့ အစွမ်းနန့် များစွာသာယာလျက် ဖြစ်ပေါ်လှာရေ ရူပတဏှာစွာပင် ကာမတဏှာ မည်ဧ့။
၂။ ဘဝတဏှာ --- ထိုရူပါရုံကိုပင် မြဲဧ့၊ အခါခပ်သိမ်း ထင်ယှား တည်ဟိဧ့ --- ဟု ဖြစ်ပေါ်လှာရေ သဿတဒိဋ္ဌိနန့် အတူတကွဖြစ်ရေ ရူပတဏှာစွာ ဘဝတဏှာမည်ဧ့။ မှန်လီရေ --- သဿတဒိဋ္ဌိနန့် အတူတကွဖြစ်ရေ ရာဂကို ဘဝတဏှာဆိုပနာ ခေါ်ဆိုအပ်လီရေ။
၃။ ဝိဘဝတဏှာ --- ထိုရူပါရုံကိုပင် ပြတ်ဧ့ = သီကေ ပြတ်ဧ့၊ ပျက်စီးဧ့ --- ဟု ဖြစ်ပေါ်လှာရေ ဥစ္ဆေဒဒိဋ္ဌိနန့် အတူတကွဖြစ်ရေ ရူပတဏှာစွာပင် ဝိဘဝတဏှာ မည်ဧ့။ မှန်လီရေ --- ဥစ္ဆေဒဒိဋ္ဌိနန့် အတူတကွဖြစ်ရေ ရာဂကို ဝိဘဝတဏှာဆိုပနာ ခေါ်ဆိုအပ်လီရေ။ သဒ္ဒတဏှာ စသည်ရို့၌လည်း နည်းတူ ပင်တည်း။ ဒေပိုင်ဆိုကေ တဏှာစွာ (၃_၆ = ၁၈)မျိုး ဖြစ်ရေ။
တဏှာအစစ် ၁၀၈
တီးဖြတ်ပါအဇ္ဈတ္တအာရုံ (၆)ပါး၌ (၁၈)မျိုး, ဗဟိဒ္ဓအာရုံ (၆)ပါး၌ (၁၈)မျိုး ဖြစ်ရပြီးကေး တဏှာ (၃၆)မျိုးတည်း။ အတိတ်၌လည်း တဏှာ (၃၆)မျိုး, အနာဂတ်၌လည်း တဏှာ (၃၆)မျိုး, ပစ္စုပ္ပန်၌လည်း တဏှာ (၃၆)မျိုး ပြားအနိန်နန့် ကာလသုံးပါးလုံး၌ ပေါင်းလိုက်ရေ် တဏှာ (၁၀၈)မျိုးတည်း။ ယင်းရို့ကို အကျိုင်းချုံးလိုက်ရေ် ရူပတဏှာ စသည်အနိန်နန့် (၆)မျိုး, ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဟု (၃)မျိုး ဖြစ်တေ။ [၅]
ဘဝတဏှာနန့် ဝိဘဝတဏှာ
တီးဖြတ်ပါရူပါရုံကို ဖြစ်စီ၊ သဒ္ဒအစဟိရေ အာရုံတပါးပါးကို ဖြစ်စီ အတ္တဟု စွဲယူပနာ ထိုအတ္တစွာ မြဲဧ့ဟု စွဲယူတတ်ရေ သဿတဒိဋ္ဌိကို ဘဝဟု ခေါ်ဧ့။ ထိုဘဝနာမည်ရရေ သဿတဒိဋ္ဌိနန့် အတူတကွဖြစ်ရေ တဏှာစွာ ဘဝတဏှာ မည်ဧ့။
အာရုံ (၆)ပါး တပါးပါးကိုပင် အတ္တဟု စွဲယူပနာ အတ္တစွာ အမြဲ မဖြစ် သီကေ ပြတ်ဧ့ ---- ဟု စွဲယူတတ်ရေ ဥစ္ဆေဒဒိဋ္ဌိကို ဝိဘဝဟု ခေါ်ဧ့။ ထိုဝိဘဝနာမည်ရရေ ဥစ္ဆေဒဒိဋ္ဌိနန့် အတူတကွဖြစ်ရေ တဏှာစွာ ဝိဘဝတဏှာ မည်ဧ့။[၆]
တနည်း ကာမတဏှာ
တီးဖြတ်ပါ၁။ ကာမတဏှာ ---- ငါးပါးအာရုံ ကာမဂုဏ်၌ တွယ်တာတပ်မက်ရေ တဏှာစွာ ကာမတဏှာ မည်ဧ့။ ဒေ ကာမတဏှာဆိုရေ နာမည်စွာ အာရုံငါးပါး ကာမဂုဏ်တရား၌ တွယ်တာ တပ်မက်တတ်ရေ ရာဂဧ့ နာမည် ဖြစ်တေ။[၇]
၂။ ဘဝတဏှာ ----
(က) ကာမဘဝကို လိုလားတောင့်တစွာဧ့ အစွမ်းနန့် ဖြစ်ပေါ်လှာရေ ကာမဘဝ၌ တွယ်တာ တပ်မက် ရေ တဏှာစွာလေ့ ဘဝတဏှာ မည်ဧ့။
( ခ ) အတ္တစွာ မပျက်မစဲ အမြဲဖြစ်ရေဆိုရေ သဿတဒိဋ္ဌိ အယူကို ယူပြီးကေ ထိုအယူကို ခြီရေ တဏှာစွာလေ့ ဘဝတဏှာ မည်ဧ့။
( ဂ ) ရူပဘဝ အရူပဘဝကို တွယ်တာ တပ်မက်ရေ ရူပရာဂ အရူပရာဂဟု ခေါ်ဆိုအပ်ရေ တဏှာစွာ လည်း ဘဝတဏှာ မည်ဧ့။
(ဃ) ရူပဘဝ အရူပဘဝဧ့ ဖြစ်ကတ်ောင်း ဖြစ်ရေ ဈာန်တရား၌ တွယ်တာတပ်မက်တတ်ရေ ဈာနနိကန္တိဟု ခေါ်ဆိုအပ်ရေ တဏှာစွာလေ့ ဘဝတဏှာ မည်ဧ့။
၃။ ဝိဘဝ တဏှာ ---- အတ္တစွာ မမြဲ ပြတ်စဲဧ့၊ အတ္တစွာ သီကေ ပြတ်ဧ့။ ---- ဟု ယူဆအပ်ရေ အတ္တဝါဒစွာ ဝိဘဝ မည်ဧ့၊ ထို ဝိဘဝ နာမည်ရရေ အတ္တဝါဒကို စွဲယူရေ ဒိဋ္ဌိစွာ ဥစ္ဆေဒဒိဋ္ဌိ = ဝိဘဝဒိဋ္ဌိ မည်ဧ့။ ထို ဥစ္ဆေဒဒိဋ္ဌိ = ဝိဘဝဒိဋ္ဌိကို တွယ်တာ တပ်မက်ရေ ဥစ္ဆေဒဒိဋ္ဌိ = ဝိဘဝဒိဋ္ဌိနန့် အတူတကွ ဖြစ်ရေ ရာဂစွာ ဝိဘဝတဏှာ မည်ဧ့။ (အဘိ၊ဋ္ဌ၊၂၊၁၀၄။ မူလဋီ၊၂၊၆၉။)
ကိုးကား
တီးဖြတ်ပါ- ↑ ကာမတဏှာ (ထီ) [ကာမ+တဏှာ]
- ↑ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။ ဝိ၊၃၊၁၅။ ဒီ၊၂၊၅၂၊ ၂၄၆။ သံ၊၃၊၃၇၃။ အဘိ၊ဓ၊၂၁၅။ အဘိ၊က၊၃၅၄။ ပဋိသံ၊၃၉၊ ၃၃၀။ ပဉ္စသု ကာမဂုဏေသု တဏှာ ကာမတဏှာ။ အဘိ၊ဋ္ဌ၊၁၊၃၉၈။ ရူပါဒီသု ဟိ ဆသု အာရမ္မဏေသု ကာမဿာဒဝသေန ပဝတ္တာ တဏှာ။ အဘိ၊ဋ္ဌ၊၃၊၂၃၉။ (ဒီ၊ဋ္ဌ၊၂၊၉၀၊ ၃၈၉။ အဘိ၊ဋ္ဌ၊၂၊၁၀၄၊ ၁၇၁။ ပဋိသံ၊ဋ္ဌ၊၁၊၁၄၆။ ဝိသုဒ္ဓိ၊၂၊၂၀၂။ သာရတ္ထ၊၃၊၁၇၆။ ဒီ၊ဋီ၊၂၊၉၉။ မူလဋီ၊၁၊၆၄။ အနုဋီ၊၁၊၇၀၊ ၁၅၇။)
- ↑ တိပိဋကအဘိဓာန် အတွဲ-၅
- ↑ ဖားအောက်တောရဆြာတော်ဧ့ ဓမ္မစကြာနန့် ဝိပဿနာ တရား
- ↑ (အဘိ၊ဋ္ဌ၊၂၊၁၇၀-၁၇၁။ ဝိသုဒ္ဓိ၊၂၊၂၀၂။)
- ↑ နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ - ဖားအောက်တောရဆြာတော်
- ↑ ကာမတဏှာတိ ကာမေ တဏှာ ကာမတဏှာ။ ပဉ္စကာမဂုဏိကရာဂေဿတံ အဓိဝစနံ။ ဘဝေ တဏှာ ဘဝတဏှာ။ ဘဝပတ္ထနာဝသေန ဥပ္ပန္နဿ သဿတဒိဋ္ဌိသဟဂတဿ ရူပါရူပဘဝရာဂဿ စ ဈာနနိကန္တိယာ စေတံ အဓိဝစနံ။ ဝိဘဝေ တဏှာ ဝိဘဝတဏှာ။ ဥစ္ဆေဒဒိဋ္ဌိသဟဂတဿ ရာဂေဿတံ အဓိဝစနံ။ (အဘိ၊ဋ္ဌ၊၂၊၁၀၄။) ရူပါရူပဘဝရာဂေါ ဝိသုံ ဝက္ခတီတိ ကာမဘဝေ ဧဝ ဘဝပတ္ထနာဥပ္ပတ္တိ ဝုတ္တာတိ ဝေဒိတဗ္ဗာ။ (မူလဋီ၊၂၊၆၉။)