ကရင်စာပီသမိုင်း
ဗုဒ္ဓဘာသာ ပိုးကရင်ရို့၏ “ဖလုံလိုက်ထူလီ” ပီရီး ကရင်စာပီစွာ ဇာပုဂ္ဂိုလ်က ဇာနှစ်မာ စတင်တည်ထွင်ရီးသားခစွာကို စိသားကိုက် မပြောဆိုနှိုင်ကေ့လည်းသို့ ဗုဒ္ဓဘာသာ အယူဝါဒတိကို ပြန့်ပွားစီရန် ရည်ရွယ်တည်ထွင်ပြီး ပီထက်မာ စတင်ရီးသား အသုံးပြုခကြောင်း တွိ့ဟိရရေ။ ဒေနိဗုဒ္ဓဘာသာ ပိုးကရင်ရို့၏ ဩပွဲများမာ သီဆိုရေ “ထာခေါဟ်ဖာဍောဟ်(ထာခူးဖာဒူး)” ခေါ် တေးခြင်းကြီး၊ ဇာတ်နိပါတ် သမိုင်းအကြောင်း၊ တေး၊ လင်္ကာ၊ ကဗျာများမာ ဗုဒ္ဓဘာသာအယူဝါဒတိနန့် မွန် ပေါရာဏစကားတိ ထည့်သွင်း သီကုံးထားရေကို ထောက်ချင့်လျှင် အရှိဖက်ဒေသနေ ကရင်လူမျိုးတိစွာ ဗုဒ္ဓဘာသာ အယူဝါဒနန့် စာပီအရီးအသားတိကို ၁၉ ရာစု မရောက်ခင် စောစောပိုင်းကပင်ရဟိနိန်ယာဟု ယူဆနိုင်ပေသေည်။ ဇာပိုင်ပင်ဆိုစေ ဗုဒ္ဓဘာသာဝင် ပိုးကရင်ရို့၏ အက္ခရာတိနန့် နှစ်ပေါင်းများစွာက ရီးသားပြုစုခရေ လောကီ လောကုတ္တရာ စာပီကျမ်းဂန်တိစွာ ဖားအံ၊ လှိုင်းဘွဲ၊ ကျုံဒိုး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနယ်များဟိ ဘုန်းတော်ကြီးကျောင်းတိုင်းမာ အမြောက်အမြားဟိနီလီရေ။
ဘာသာရီးဆိုင်ရေ ကျမ်းပြုများ
တီးဖြတ်ပါ၁၈၇၁ ခုနှစ် နောက်ပိုင်းမာ မွန်မြန်မာ အက္ခရာ ပိုးကရင် အသံထွက် စာရီးနည်းနန့် ရီးသားကတ်ရေ ကျမ်းတိနန့် ကျမ်းပြုပုဂ္ဂိုလ် အင်တန်များများ ထွန်းပေါက်လာစွာကိုတွိရလီရေ။ ပိုးကရင်ဗုဒ္ဓဘာသာဝင်များ အနက် ထင်ရှားရေ ပုဂ္ဂိုလ်တိမာ ဘုန်းတော်ကြီး ဦးစိန္စွာကဝိ၊ ဦးသုခ၊ နဲပညာ၊ နဲစန္ဒာဝရ၊ ဦးရွှီဝါ၊ ဦးနဲဒုမ်း၊ ဦးသီဟတေဇ၊ တပိုအိန်ဆင်၊ ဦးပရမနန့် ဦးဇာဂရရို့ဖြစ်ကတ်တေ။
ဆရာတော် နဲပညာမာ ဆရာတော် ဦးစိန္စွာကဝိဧ့ တပည့်ရင်းဖြစ်တေ။ ဦးစိန္စွာကဝိနန့် တွဲဖက်ပြီး ၁၈၇၁ ခုနှစ်မှ ၁၉၂၈ခုနှစ် အထိ ကျမ်းပေါင်း ၁၆ ကျမ်းပြုစုခရေ။
ဆရာတော် ဦးစန္ဒာဝရရေ ၁၉၀ဝ ပြည့်နှစ်မှ ၁၉၀၄ ခုနှစ်အထဲ ကျမ်းပေါင်း ခုနှစ်ကျမ်းကို ပြုစုခရေ။
ဆရာတော် ဦးဇာဂရဖို့ ကော့ဒန်ရွာ (တဝေါင်ကိုဒေါင်) ဇာတိဖြစ်တေ။ ကျမ်းပေါင်း ၄၀ ကျော်ပြုစုခရေ။
ဒေါက်တာ ဂျိုနာသန်ဝိတ်
တီးဖြတ်ပါဒေါက်တာ ဂျိုနာသန်ဝိတ် စွာ ကရင် ခရစ်ယာန်လောကမာ ကရင်စာပီကို တည်ထွင်ပီးခသူ ကရင်စာပီ ဖခင်ကြီးဟု ခေါ်ဆိုရဖို့ဖြစ်လီရေ။ ဒေါက်တာဝိတ်စွာ ဇနီးဖြစ်သူနန့် အမေရိကန်ပြည်မှ အေဒီ ၁၈၂၃ ခုနှစ်၊ ဂျုန်လ ၂၂ ရက်နိမာ စတင်ထွက်ခွာပြီး ဒီဇန်ဘာလ ၅ ရက်နိမာ ရန်ကုန်မြို့ကိုရောက်ဟိလာရာမှ ခရစ်ယာန် သာသနာပြု လုပ်ငန်းကို စတင်ဆောင်ရွက်ခရေ။
၁၈၃၁ ခုနှစ်၊ ဂျုန်လ ၂၅ ရက်နိမာ ကရင်ပြည်နယ်ဟိ “ပိုင်ကြုံ” ရွာသို့ လားရောက်ပြီး ခရစ်ယာန်တရားတော်ကို ဟောပြောခရေ။ ယင်းခါ ကရင်ဝါကြီးတဦးက ဒေါက်တာဝိတ်အား ကရင်စာပီကို ပြန်ပီးရန် အားဓမတောင်းတော့ဧ့။ ဇာကြောင့်ဆိုကေ ကရင်လူမျိုးရို့၏ ရှေး “ထား” ကဗျာ လင်္ကာမှ ကိုယ်ရို့ ပျောက်ဆုံးနိန်ရေ စာပီစွာ ကိုယ်ရို့ဧ့ ညီထွေး “ပူဒေးဝါး” ခေါ် အသားဖြူရေ ညီထွေးက ပြန်ပနာ ယူခပီးဖို့ဟု ပါဟိရေကြောင့် ဖြစ်၏။ ကရင်လူမျိုးရို့၏ ရိုးရာ ယုံကြည်မှုကို နားမလည်နှိုင်ရေ ဒေါက်တာဝိတ်စွာ တအံ့တဩဖြစ်နီမိဧ့။ အကြောင်းစုံကို မီးမြန်း သိဟိလားခါ မြန်မာအက္ခရာကိုနှိမ်ပြီး စံဂိုး ကရင်စာပီကို တည်ထွင်ပီးခရေ။
ဒေါက်တာမေဆင်စွာ အမေရိကန်ပြည်မှ အေဒီ ၁၈၃၀ ခုနှစ်၊ မေလ ၂၆ ရက်နိမာ ထွက်ခွာလာခပြီး ထားဝယ်မြို့ကို ထိုနှစ် ဒီဇန်ဘာသမာ ရောက်ဟိလားခယင့်။ ဒေါက်တာဝိတ် တည်ထွင်ထားရေ စံဂိုးကရင်စာပီဖြင့် ၁၈၄၃ ခုနှစ်မာ ခရစ်ယာန် ဓမ္မဟောင်းကျမ်း (Old Testament) ကို ၁၈၅၃ ခုနှစ်မာ ဘာသာပြန်ဆို ပြီးဆုံးခရေ။
ပုံနှိပ်တိုက်ထုတ်ဝီမှုတိ
တီးဖြတ်ပါ၁၈၃၇ ခုနှစ်မာ ထားဝယ်နန့် မြိတ်မြို့များမာ ခရစ်ယာန်ဘာသာဝင် ကရင်ဦးရီတိပြားလာသဖြင့် ခရစ်ယာန် ဘာသာရီး သင်တန်းများမာ ကရင်ဘာသာဖြင့် လိုသလောက် ပုံနှိပ်ထုတ်ဝီနိုင်ဖို့ အမေရိကန် နှစ်ခြင်း သာသနာပြု အဖွဲ့က ထားဝယ်မြို့မာ ပုံနှိပ်စက်တလုံး တည်ဆောက်ခ၏။ ထိုပုံနှိပ်တိုက်မှ ထုတ်ဝီခရေ ကရင် ဘာသာကျမ်းစာအုပ်တိမာ ခရစ်ယာန်ဘာသာရီးကျမ်းစာ သတ်သတ်ဖြစ်ပြီးကေ ဦးစွာ ပထမ ကျမ်းပြုသူတိမာ အမေရိကန် နှစ်ခြင်းသာသနာပြု အဖွဲ့ဝင် ဒေါက်တာ ဂျိုနာသန်ဝိတ်၊ ဒေါက်တာမေဆင်၊ သာသနာပြု ဆရာ အက်(ဖ်)၊ ဘီ၊ ခရ်(စ်) (Rev.F.B. Cress) နန့် သာသနာပြုဆရာ စီ၊ ဘန်းနက် (Rev. C. Bennett) ပုံနှိပ်တိုက် အုပ်ချုပ်သူရို့ ဖြစ်ကတ်တေ။ မော်လမြိုင်မြို့မာ လည်း စာပုံနှိပ်စက် တလုံးတည်ထောင်ကာ ခရစ်ယာန်ကျမ်းစာတိကို မစ္စတာ အက်စ် ရမ်နီ (Mr. S. Renney) က ပိုးကရင်ဘာသာဖြင့် တာဝန်ခံ ထုတ်ဝီရေ။
ပိုးကရင်ဘာသာဖြင့် ခရစ်ယာန်ဘာသာရီး စာပီတိကို ဦးဆာင် ပြုစူသူတိမာ အမေရိကန် နှစ်ခြင်း သာသနာပြု ဒေါက်တာ ဂျိုနာသန်ဝိတ်၊ ဒေါက်တာမေဆင်၊ ဒေါက်တာ အယ်လ်ဘရေတန်နန့် အီး၊ အက်စ် ဘူးလဒ်ရို့ ဖြစ်ကတ်တေ။ ၁၈၄၉ ခုနှစ် ၊ မေလရက်စွဲဖြင့် ဘန်းနက်အမာစာ ရီးပြီး ဒေါက်တာဝိတ်ဧ့ နာမည်ဖြင့် စံဂိုးကရင် အိန်းဂလိချ်အဘိဓာန်စာအုပ်ကို ရိုက်နှိပ်ထုတ်ဝီခရေ။
၁၈၅၀ ခုနှစ်မာ ဒေါက်တာ မေဆင်က ပိုးကရင် သဒ္ဒေချင့်ကျမ်းကို ပြုစုခရေ။ ဒေါက်တာဝိတ်စွာ အသိပညာကဏ္ဍများ (Thesaurus of Karen Knowledge) နာမည်ဟိစာအုပ်ကို စံဂိုးကရင်နန့် အိန်းဂလိချ် နှစ်ဘာသာတွဲကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုထ္ထ အထိ လေးတွဲပြုစု ကာ အဋ္ဌမတွဲကို ၁၉၁၅ ခုနှစ်မာ ပုံနှိပ်ထုတ်ဝီခရေ။ (အရာ ခရစ်ယာန် ဘာသာရီးဆိုင်ရေ ကရင်စာအုပ်တိစွာ ပုံနှိပ်ထုတ်ဝီခကေလေ့ ဒေစာအုပ်မာ ထည့်သွင်းဖော်ပြခြင်း မပြုတော့ပါ)။ အမေရိကန် ကျမ်းပြု ဆရာတိဧ့ နောက်ပိုင်းမာ ကရင် လူမျိုးစာရီးဆရာတိပေါ်ထွက်လှာခရေ။ ကရင်သမိုင်းကို ရီးသားပြုစုသူ ဆရာကြီး ဦးအောင်လှ၊ ကရင်ဖားစည်ကို ရီးသားပြုစုသူ ဆရာဘူးမူးခေါ် ဖူးတောအူး၊ ကရင်နှစ်သစ်ကူပွဲတော် အကြောင်း ရီးသားသူ ဆရာကြီး ဦးလွန်းရွှီ၊ ကရင် လူမျိုးရို့၏ ရိုးရာဓလိများအကြောင်းကို ရီးသားသူ ဒေါက်တာ တီသံပြာ၊ ကျောင်းသုံး စာအုပ်အမျိုးမျိုးကို ရီးသားသူ ဆရာကြီး ဖိုးလင်းတေးနန့် ဆရာကြီး ဦးမိုးလို၊ စောတောက်၊ ဦးဘထွန်းတင် အစဟိရေ ပုဂ္ဂိုလ်များ၊ ဆရာသာနီအီး၊ ဆရာအာရ်မောင်ချစ်၊ ထိုလွီထူး၊ ဆရာသာထို အစဟိရေ ပုဂ္ဂိုလ်တိစွာ ထင်ရှားရေ ကရင် စာရီးဆရာတိဖြစ်ကတ်တေ။
သတင်းစာ၊ ဂျာနယ်များ
တီးဖြတ်ပါယင်းအပြင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတိလေ့ ပေါ်ထွက်လှာပြီး ကရင်လူမျိုး အယ်ဒီတာနန့် ဆောင်းပါးရှင်များ မကန်မဝှန်လည်း ပေါ်ထွန်းပါလတ်တေ။ ၁၈၇၃ ခုနှစ်မာ ထားဝယ်မြို့မာ ပထမဆုံးအနိန်နန့် ကရင်စာပုံနှိပ်တိုက် စတင်တည်ထောင်ခရေ။ “ဆာတူဝေါ”ခေါ် မိုးသောက်ကြယ် (The Morning Star) နာမည်ဖြင့် ကရင်လစိုင် မဂ္ဂဇင်းကို ၁၈၄၂ ခုနှစ်မာ ထာဝယ်မြို့မာပင် စတင်ပုံနှိပ်ထုတ်ဝီခရေ။ ဒေမဂ္ဂဇင်းစွာ အာသျှဟိ ရှေးအကျဆုံး မဂ္ဂဇင်းများစာရင်းမာ တခုအပါအဝင်ဖြစ်ရေပြင် မြန်မာနိုင်ငံမာ ပထမဆုံး စတင်ထုတ်ဝီရေ မဂ္ဂဇင်းလည်းဖြစ်တေ။ “ဆာတူဝေါ”မဂ္ဂဇင်းဧ့ အယ်ဒီတာမာ ဒေါက်တာ မေဆင်ဖြစ်တေ။ ထားဝယ်ကပင် မော်လမြိုင်မြို့ကို ၁၈၄၇ ခုနှစ်မာ ဒေါက်တာမေဆင် ပြောင်းရွိနီထိုင်းခသဖြင့် “ဆာတူဝေါ” မဂ္ဂဇင်းကို ၁၈၄၇ ခုနှစ်မာပင် မော်လမြိုင်မြို့မာ ဆက်ပနာပုံနှိပ်ထုတ်ဝီလားရေ။ “ဆာတူဝေါ” မဂ္ဂဇင်းစွာ ဂျပန်များ မြန်မာနိုင်ငံမားသို့ ဝင်ရောက် တိုက်ခိုက်ရေ အချိန်အထိ နှစ်ပေါင်း တရာခန့်သက်တမ်းဟိခရေ။ “ဆာတဝေါ” မဂ္ဂဇင်းနန့် ရှိဆင့်နောက်ဆင့်အချိန်မာ ဒေါက်တာ အယ်လ်ဘရေတန်က “ဆပ္ပရန်”ခေါ် ပိုးကရင် သတင်းစာတစောင်ကို ထုတ်ဝီနိုင်ခရေ။
ဒေနိစံဂိုးကရင်နန့် ပိုးကရင်စာပီဖြင့် အယင်ပုံနှိပ်ထုတ်ဝီခရေ မဂ္ဂဇင်း၊ သတင်းစာ၊ ဂျာနယ်များတချို့စွာ ဒေနိတွိဟိရန် မလွယ်ကူတော့ပါ၊၊ လက်လှမ်းမီသရွှိအောက်ဖော်ပြပါ မဂ္ဂဇင်း၊ သတင်းစာ၊ ဂျာနယ်များ အနက် တချို့မာ ဒေနိန့်ထိ ဆက်ပနာထုတ်ဝီနိန်သိမ့်ကြောင်း တွိဟိရဖို့ဖြစ်တေ။ “စွာကပေါ်” ခေါ် အလင်းရောင်မဂ္ဂဇင်း၊ “လယ်စူးညာ” ခေါ် ရှိကို မဂ္ဂဇင်း၊ “ဆာတူဝေါ” ခေါ် မိုးသောက်ကြယ် လစိုင်မဂ္ဂဇင် ၊ “ဖိုးသာအသို” ခေါ် အချေသူငယ်တိ၏ မိတ်ဆွီ လစိုင်မဂ္ဂဇင်း၊ “ပဟီပဃော” အိမ်ထောင်ရီး (The Home) သုံးလပတ် မဂ္ဂဇင်း၊ “ပွါ့ကွာသိုး” ခေါ် သိုးထိန်း မဂ္ဂဇင်း (The Shepherd) ၊ “ခရဲင်းမဂ္ဂဇင်း” ခေါ် ကရင်မဂ္ဂဇင်း၊ “ဆာတူဟား” မဂ္ဂဇင်း၊ “ဒေါကလုထော့မဲပါ”၊ “ဖဲယားဖလေး”၊ ”ပွါခေါ့တာဖိုး”၊ “ကလဲ့စက်”၊ “စွာကပေါ်” ခေါ် လင်းရောင်ခြည် မဂ္ဂဇင်းနန့် “ဆပ္ပရန်” စတည်ရို့ ဖြစ်ကတ်တေ။
သုံးသပ်ချက်
တီးဖြတ်ပါအထက်ဖော်ပြခရေ ကရင်စာပီရီစီးကြောင်း တလျှောက်လုံးကို ပြန်ပနာ ဆန်းစစ်မည်ဆိုကေ ဒုတိယခေတ် ကရင်စာပီဧ့ အောက်မာ ထွန်းကားလာရေ စာပီမာ ဘာသာရီးအယူဝါဒကြောင့် စာပီထွန်းကားလာရခြင်း ဖြစ်တေဟု ဆိုနှိုင်လီရေ။ ၁၉၆၂ ခုနှစ်၊ မာ့ခ်ျလနောက်ပိုင်းမှ စလို့ ကရင်စာပီ တတိယ ခေတ်ကာလဟု ခေါ်ဆိုရပေမည်။ ထိုအချိန်မှစလို့ ခေတ်ပြောင်းကောင်စီစွာ ပြည်ထောင်စု အထဲဟိ တိုင်းရင်းသား အသီးသီးရို့၏ စာပီ၊ ဘာသာစကားနန့် ယိုင်ကျေးမှုလုပ်ငန်းတိကို ဖော်ထုတ်ဖို့အတွက် အထူးဦးစားပီး ဆောင်ရွက်ခလီရေ။
ကရင်စာပီဧ့ တတိယခေတ်မာ လူတိုင်း စာပီတတ်မြောက်ရီး၊ စာပီ အစွမ်းသတ္တိဖြင့် လူမှုရီး၊ စီးပွားရီး ဖွံ့ဖြိုးမှုအတွက် အသုံးပြုဖို့နန့် စာပီ ညီညွတ်ရး တည်ဆောက်ရန် ကြိုးပမ်းလာကတ်တေ။ ထိုခေတ်ကို ဆိုရှယ်လစ်စာပီ ခေတ်ဦးပိုင်းဟု ခေါ်ဆိုရဖို့ ဖြစ်လီရေ။ တတိယခေတ် ကရင်စာပီ လောကမာ ကရင်ရိုးရာယိုင်ကျေးမှု အပေါ် အခြီခံရေ သတင်းစား၊ ဂျာနယ်၊ မဂ္ဂဇင်းများ ပေါ်ထွက်လှာပြီး ကရင်လူမျိုး စာရီးဆရာတိနန့် ဆောင်းပါးရှင် မကန်မဝှန် ပေါ်ထွန်းနိန်ယာ ဖြစ်တေ။
ရည်ညွှန်းကိုးကား
တီးဖြတ်ပါ- ကရင်ရိုးရာ သုတပဒေသာ - မန်းလင်းမြတ်ကျော်
- Typing - Smile May ဘလော့ဂ်