AI အမှိုက်
AI အမှိုက် (အင်္ဂလိပ်: AI slop) သို့မဟုတ် အညံ့စားဖန်တီးမှု (အင်္ဂလိပ်: slop content) (သို့မဟုတ် အလွယ်အားဖြင့် အမှိုက်ဖန်တီးမှု) ဆိုသည်မှာ ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြု၍ လူသားတို့၏ စိစစ်တွေးခေါ်မှုနှင့် အနှစ်သာရ ချို့တဲ့စွာဖြင့် အမြောက်အမြား ထုတ်လုပ်ထားသည့် ဒစ်ဂျစ်တယ် အကြောင်းအရာများ (တနည်း) လူသားတို့၏ ကြိုးစားအားထုတ်မှု၊ အရည်အသွေး နှင့် အနှစ်သာရများ လိုအပ်ချက်ရှိနေသည်ဟုယူဆရသော ဒစ်ဂျစ်တယ် အကြောင်းအရာများ (Content) ကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ၎င်းတို့ကို အာရုံစိုက်မှုအခြေခံ စီးပွားရေးစနစ် (Attention Economy) တွင် အသာစီးရရန် သို့မဟုတ် ငွေကြေးရှာဖွေရန်အတွက် လူစိတ်ဝင်စားမှု ရစေမည့်အရာများ (Clickbait) အဖြစ် အမြောက်အမြား ထုတ်လုပ်ကြခြင်း ဖြစ်ပါသည်၊[၁][၄][၅][၆] အဓိကရည်ရွယ်ချက်မှာ လူအများ၏ အာရုံစိုက်မှုကိုရယူရန်အတွက် ပို၍ ၎င်း အရည်အသွေးနိမ့်ပါးပြီး၊ အကျိုးမရှိသည့် အကြောင်းအရာများကို ဖန်တီးခြင်းဖြစ်သည်။[၇] ၂၀၂၀ ပြည့်လွန်နှစ်များတွင် စတင်ပေါ်ပေါက်လာခဲ့သော ဤစကားလုံးသည် အမှိုက်စာတို (Spam) ကဲ့သို့ပင် နှိမ့်ချကဲ့ရဲ့သော သဘောအဓိပ္ပာယ် ရှိပါသည်။ "Slop" စကားလုံးကို Merriam-Webster နှင့် American Dialect Society တို့ နှစ်ခုစလုံးမှ ၂၀၂၅ ခုနှစ်၏ တစ်နှစ်တာအကောင်းဆုံးစကားလုံး (Word of the Year) အဖြစ် ရွေးချယ်ခဲ့ကြပါသည်။[၈][၉]
ပညာရှင်များနှင့် လေ့လာသူများသည် AI အမှိုက်ဖန်တီးမှု (AI Slop) ကို "ဒစ်ဂျစ်တယ် အမှိုက်သရိုက်များ" ဟုလည်းကောင်း၊ "အနှစ်သာရနှင့် အရည်အသွေးထက် ထုတ်လုပ်မှုအရှိန်နှင့် အရေအတွက်ကိုသာ ဦးစားပေးထားသည့် အဖြည့်ခံ အကြောင်းအရာများ" ဟုလည်းကောင်း အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။[၁၀] ထို့အပြင် ၎င်းကို "လူမှုကွန်ရက်၊ အနုပညာ၊ စာအုပ်များနှင့် ရှာဖွေရေးအင်ဂျင်ရလဒ်များတွင် တွေ့ရတတ်သည့် အရည်အသွေးညံ့ဖျင်းသော သို့မဟုတ် အလိုမရှိအပ်သော AI ထွက်ကုန်များ" ဟုလည်း သတ်မှတ်ကြပါသည်။[၁၁] နယူးယောက်စီးတီးတက္ကသိုလ်မှ ဒဿနိကဗေဒပါမောက္ခ ဂျိုနသန်ဂီလ်မိုး (Jonathan Gilmore) က ဤကဲ့သို့သော အရာများသည် ကြည့်ရှုသူများအနေဖြင့် ဦးနှောက်သုံးရန်မလိုဘဲ အလွယ်တကူ မှတ်သားနိုင်သည့် "အလွန်အမင်း ရိုးအီပြီး သဘာဝကျလှချည်ရဲ့ဆိုသော ပုံစံမျိုး" ရှိနေတတ်ကြောင်း ဖော်ပြပါသည်။[၁၂] အင်တာနက်စာမျက်နှာများပေါ်တွင် AI အမှိုက်ဖန်တီးမှုများ တိုးပွားလာခြင်းသည် သာမိုဒိုင်နမစ်ခ် ဒုတိယနိယာမ (Second Law of Thermodynamics) အရ စကြဝဠာအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်မှု (Entropy) တိုးပွားလာခြင်းနှင့် ဆင်တူသည်ဟု တင်စားကြပါသည်။[၁၃]
ဝေါဟာရ စတင်မြစ်ဖျားခံလာပုံ
ပြင်ဆင်ရန်အစောပိုင်းသုံး အကြီးစားဘာသာစကားမော်ဒယ်များ (LLMs) နှင့် ရုပ်ပုံဖန်တီးပေးသည့် နည်းပညာများ (Image Diffusion Models) ကြောင့် အရေအတွက်များပြားပြီး အရည်အသွေးနိမ့်သော စာသားများနှင့် ရုပ်ပုံများကို အရှိန်အဟုန်ဖြင့် ထုတ်လုပ်နိုင်လာသည့်အခါ၊ သတင်းထောက်များနှင့် ဆိုရှယ်မီဒီယာအသုံးပြုသူများအကြား ဤလှိုင်းလုံးကြီးကို ခေါ်ဆိုရန် သင့်တော်မည့် ဝေါဟာရတစ်ခုကို စတင်ဆွေးနွေးခဲ့ကြပါသည်။ ထိုစဉ်က အဆိုပြုခဲ့ကြသော စကားလုံးများတွင် "AI အမှိုက်သရိုက် (AI garbage)"၊ "AI ဖောင်းပွမှု"၊ "AI ညစ်ညမ်းမှု (AI pollution)" နှင့် "AI က ထုတ်လုပ်လိုက်သည့် အညစ်အကြေး (AI-generated dross)" တို့ ပါဝင်ပါသည်။[၅] အရည်အသွေးနိမ့် AI ထွက်ကုန်များကို ဖော်ညွှန်းရန် "Slop" ဟူသော စကားလုံးကို အစောပိုင်း သုံးနှုန်းခဲ့ကြခြင်းမှာ ၂၀၂၂ ခုနှစ်တွင် AI ရုပ်ပုံဖန်တီးစနစ်များ ထွက်ပေါ်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်ပုံရပါသည်။ ဤဝေါဟာရကို 4chan၊ Hacker News နှင့် YouTube ဝေဖန်သူများအကြား အစုအဖွဲ့တွင်းသုံး အပြောဗန်းစကား (Slang) အဖြစ် အစောပိုင်းတွင် သုံးနှုန်းခဲ့ကြသည်ကို သတိပြုမိကြပါသည်။[၁၁]
ဗြိတိန်ကွန်ပျူတာပရိုဂရမ်မာ ဆိုင်မွန်ဝီလီဆင် (Simon Willison) သည် "Slop" ဟူသော စကားလုံးကို အများပြည်သူကြားတွင် ပထမဆုံး စတင်ကျယ်ကျယ်ပြန့်ပြန့် သုံးနှုန်းခဲ့သူအဖြစ် အသိအမှတ်ပြုခြင်း ခံရပြီး၊ ၎င်းသည် ၂၀၂၄ ခုနှစ် မေလတွင် ၎င်း၏ ကိုယ်ပိုင်ဘလော့ဂ်၌ ဤစကားလုံးကို စတင်အသုံးပြုခဲ့ပါသည်။[၁၁][၁][၁၄] သို့သော်လည်း ၎င်းကိုယ်တိုင်က ဤစကားလုံးကို လူသိများအောင် မတွန်းအားပေးမီကပင် အသုံးပြုနေကြပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။[၁၁] ဤစကားလုံးသည် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် ပိုမိုရေပန်းစားလာခဲ့ပြီး ယင်းသို့ဖြစ်ရခြင်းမှာ အစိတ်အပိုင်းတစ်ခုအနေဖြင့် Google က ၎င်း၏ ရှာဖွေရေးရလဒ်များတွင် အဖြေများထုတ်ပေးရန် Gemini AI မော်ဒယ်ကို အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။[၁၁] ထို့နောက် ၂၀၂၄ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း သတင်းခေါင်းကြီးပိုင်းများတွင် အင်တာနက်ပေါ်က များပြားလှသော AI အမှိုက်ဖန်တီးမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ကြပါသည်။[၁][၄] ထို့အပြင် ဤစကားလုံးကို အခြားစကားလုံးများနှင့် ပေါင်းစပ်၍လည်း သုံးစွဲကြရာ ဥပမာအားဖြင့် Windows စနစ်အတွင်း Microsoft Copilot ချက်ဘော့တ်ကို ပိုမိုထည့်သွင်းလာခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် "Microslop" ဟု သရော်၍ သုံးနှုန်းကြပါသည်။[၁၅][၁၆]
အဓိပ္ပာယ်ဖွင့်ဆိုချက်များ
ပြင်ဆင်ရန်"မျက်မှောက်ခေတ် AI အမှိုက်ဖန်တီးမှု (Slop) ရဲ့ သဘောသဘာဝကို နားလည်ဖို့ဆိုရင် လူတွေဟာ ဒစ်ဂျစ်တယ် အကြောင်းအရာတွေကို စားသုံးနေပုံဟာ ဝက်တွေ အစာစားနေပုံနဲ့ တူညီနေတယ်ဆိုတာကို အရင်ဆုံး စဉ်းစားကြည့်ရပါမယ်။ ဝက်စာ (Slop) ရဲ့ ရည်ရွယ်ချက်က ကုန်ကျစရိတ်ကို အနည်းဆုံးဖြစ်အောင် လျှော့ချပြီး အာဟာရဓာတ် ရရှိမှုကို အများဆုံးဖြစ်စေဖို့ ဖြစ်သလို၊ AI အမှိုက်ဖန်တီးမှု (AI Slop) ရဲ့ ရည်ရွယ်ချက်ကလည်း ကုန်ကျစရိတ်ကို အနည်းဆုံးဖြစ်အောင် လျှော့ချပြီး လူတွေ အင်တာနက်စာမျက်နှာပေါ်မှာ အချိန်ကုန်ဆုံးအောင် အများဆုံး ဆွဲဆောင်ထားဖို့ပဲ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ဟာသအမှိုက်ဖန်တီးမှု၊ စာပေအမှိုက်ဖန်တီးမှု၊ အနုပညာအမှိုက်ဖန်တီးမှု၊ ဝါသနာတူအုပ်စုလိုက် အမှိုက်ဖန်တီးမှု၊ ကလေးများအတွက် အမှိုက်ဖန်တီးမှုနဲ့ နိုင်ငံရေးဆိုင်ရာ အမှိုက်ဖန်တီးမှုဆိုပြီး အမျိုးမျိုး ရှိနေနိုင်ပါတယ်။ သို့သော်လည်း ဤအမှိုက်ဖန်တီးမှုတွေရဲ့ အနှစ်သာရက ဘာလဲဆိုတာထက် သင်က ၎င်းတို့ကို မျက်တောင်မခတ် တစိုက်မတ်မတ် ကြည့်ရှုနေမိဖို့ကသာ အဓိက အကျဆုံးအချက် ဖြစ်ပါတယ်။"[၁၇]
ကိုဒီကော်မာစ် (Cody Kommers) နှင့် အခြားပညာရှင်ငါးဦးတို့ ပူးတွဲရေးသားပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေခဲ့သည့် ပညာရပ်ဆိုင်ရာ ဆောင်းပါးတစ်ပုဒ်အရ AI အမှိုက်ဖန်တီးမှု (AI Slop) သည် "ယခုအချိန်အထိ တရားဝင် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုအဖြစ် သတ်မှတ်ရန် ရုန်းကန်နေရဆဲ" ဖြစ်သည်ဟု ဆိုပါသည်။[၁၈] ၎င်းတို့က AI အမှိုက်ဖန်တီးမှုနှင့် အမှိုက်မဟုတ်သော ဖန်တီးမှုတို့အကြား စည်းခြားနားမှုကို တိတိကျကျ ဖော်ပြရန် မဖြစ်နိုင်ကြောင်း တင်ပြထားသော်လည်း AI အမှိုက်ဖန်တီးမှုကို ထင်ဟပ်စေသည့် "အခြေခံ ဝိသေသလက္ခဏာ သုံးခု" ကို ဖော်ထုတ်ပေးခဲ့ပါသည်။ ၎င်းတို့မှာ - အပေါ်ယံကြည့်လျှင် ကျွမ်းကျင်ပိုင်နိုင်ပုံပေါ်ခြင်း (Superficial competence)၊ ဖန်တီးသူဘက်မှ အားထုတ်မှု အလွန်နည်းပါးခြင်း (Asymmetric effort) နှင့် အမြောက်အမြား အလွယ်တကူ ထုတ်လုပ်နိုင်ခြင်း (Mass producibility) တို့ ဖြစ်ကြပါသည်။[၁၈]
ဤအခြေခံ ဝိသေသလက္ခဏာများအပြင် AI အမှိုက်ဖန်တီးမှုများတွင် ကွဲပြားခြားနားသော ပုံစံမျိုးစုံ ရှိနေပါသေးသည်။ AI အမှိုက်ဖန်တီးမှုများ ကွဲပြားသွားနိုင်သည့် အဓိက "ပြောင်းလဲမှု အတိုင်းအတာ သုံးခု" မှာ - ၎င်း၏ အသုံးချမှု အကျိုးကျေးဇူး (ဤအရာကို ဘာကြောင့် ဖန်တီးခဲ့တာလဲ)၊ တစ်ဦးချင်းအလိုက် အကြိုက်ညှိပေးမှု အဆင့် (လူတစ်ယောက်တည်း သို့မဟုတ် သူငယ်ချင်း မိတ်ဆွေအုပ်စုလေးတစ်ခုတည်းအတွက်သာ စိတ်ဝင်စားစရာ ကောင်းလောက်အောင် သတ်သတ်မှတ်မှတ် ဖြစ်နေသလား) နှင့် စိတ်ကူးယဉ်ဆန်မှု အဆင့် (အချို့သော AI အမှိုက်ဖန်တီးမှုများသည် "လုံးဝ မဖြစ်နိုင်လောက်အောင် ရယ်စရာကောင်းနေပြီး" အချို့မှာမူ ပို၍ လက်တွေ့ကျနေခြင်း) တို့ ဖြစ်ပါသည်။[၁၈] အနုပညာပြပွဲမှူး ဖရန်ဆက်စကို ဒီအီဇာ (Francesco D'Isa) ကမူ AI သည် "အမှိုက်ဖန်တီးမှုများကိုသာ ထုတ်လုပ်နေသည်" ဟု ပြောခြင်းမှာ မှားယွင်းသည်ဟု ယူဆပြီး၊ လူသားတို့၏ ဖန်တီးမှု အများစုသည်လည်း "အစဉ်အမြဲ အမှိုက်ဖန်တီးမှုများသာ ဖြစ်ခဲ့ဖူးသည်" ဟု ရှုမြင်ပါသည်။ ၎င်းက ကမ္ဘာကျော် အနုပညာလက်ရာမွန်များဆိုသည်မှာ "မေ့လျော့ခံလိုက်ရသော၊ သူတစ်ပါးထံမှ ကူးချထားသော သို့မဟုတ် ပျင်းစရာကောင်းလှသော ဖန်တီးမှုကြီးများဟူသည့် ကြီးမားလှသော ရေခဲတောင်ကြီး၏ ရေပေါ်ပေါ်နေသော အဖျားပိုင်းလေးမျှသာ" ဖြစ်သည်ဟု သုံးသပ်ထားပါသည်။[၁၉]
ကိုးကားချက်များ
ပြင်ဆင်ရန်- 1 2 3 4 Spam, junk ... slop? The latest wave of AI behind the 'zombie internet' (2024-05-19)။ 19 May 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-09-28 တွင် ပြန်စစ်ပြီး။
- ↑ Notopoulos၊ Katie။ "Why doesn't Facebook just ban AI slop like Shrimp Jesus?"၊ Business Insider။
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "Field-2025". - 1 2 Read၊ Max (2024-09-25)။ Drowning in Slop (in en)။ 2026-03-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-03-12 တွင် ပြန်စစ်ပြီး။
- 1 2 Wallace-Wells၊ David (July 24, 2024)။ How Long Will A.I.'s 'Slop' Era Last?။ 25 July 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Izzo၊ Jack။ "Snopestionary: AI slop, explained"၊ 22 August 2025။
- ↑ Diaz Ruiz၊ Carlos (2025-03-14)။ "Bots Talking to Bots: Synthetic Media, AI-Generated Content, and the "Dead Internet" Conspiracy Theory"။ Market-Oriented Disinformation Research: Digital Advertising, Disinformation and Fake News on Social Media (အင်္ဂလိပ်ဘာသာစကားဖြင့်) (1 ed.)။ London: Routledge။ pp. 196–218။ doi:10.4324/9781003506676-9။ ISBN 978-1-003-50667-6။
- ↑ 2025 Word of the Year: Slop (in en)။ 2025-12-20 တွင် ပြန်စစ်ပြီး။
- ↑ 2025 Word of the Year Is "Slop" (10 January 2026)။ January 10, 2026 တွင် ပြန်စစ်ပြီး။
- ↑ Hughes၊ Johnny (2024-09-03)။ How Businesses Can Avoid AI Slop (in en)။ 2024-09-28 တွင် ပြန်စစ်ပြီး။
- 1 2 3 4 5 Hoffman၊ Benjamin (June 11, 2024)။ First Came 'Spam.' Now, With A.I., We've Got 'Slop'။ 26 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "The deluge of bonkers AI art is literally surreal" (in en)၊ 2024-06-30။
- ↑ Bowen၊ Jonathan P.; Hazan၊ Susan။ "The Second Law of Cultural-dynamics"။ EVA London 2026: Electronic Visualisation and the Arts။ eWiC။ BCS။ pp. 24–31။ doi:10.14236/ewic/EVA2026.4။
- ↑ Willison၊ Simon (May 8, 2024)။ Slop is the new name for unwanted AI-generated content (in en-gb)။ 2024-10-04 တွင် ပြန်စစ်ပြီး။
- ↑ Lua error in မော်ဂျူး:I18n/complex_date at line 12: assign to undeclared variable 'decYear'.
- ↑ Lua error in မော်ဂျူး:I18n/complex_date at line 12: assign to undeclared variable 'decYear'.
- ↑ Whang၊ Oliver (2 June 2026)။ Can You Get Rich Quick Off A.I. Slop?။ 2 June 2026 တွင် ပြန်စစ်ပြီး။
- 1 2 3 "Why Slop Matters" (2026-01-24). ACM AI Letters 1: 1–6. doi:.
- ↑ D'Isa၊ Francesco (December 1, 2025)။ The idea of "AI slop" is slop။ 6 February 2026 တွင် ပြန်စစ်ပြီး။